(Unicode)
Yibo ကို အဖော်ပြုပေးချင်ပေမယ့် XiaoZhan ခုတလော မအားဘူး။ assignment တွေ ပုံလို့။ ဒါကြောင့် တနင်္လာ, ဗုဒ္ဓဟူး, သောကြာနေ့တွေမှာပဲ Yibo နဲ့ တွေ့ဖြစ်တော့တယ်။ တွေ့တယ် ဆိုတာထက် bus အတူစီးတယ်ဆို ပိုမှန်မလားပဲ။
ဒါပေမယ့် bus ဆိုတာ လူတိုးရတယ်လေ။ အန္တရာယ်လည်း များတယ်။ (seat belt မရှိဘူး)
ဒါကြောင့် မနူးမနပ် Yibo ကို ဖြစ်နိုင်ရင် သူ bus မစီးစေချင်ဘူး။ ဒါကြောင့် Yibo ကို ဒီအဓိပ္ပါယ်မရှိတဲ့ လုပ်ရပ် ကို ရပ်ဖို့ ဖြောင်းဖျရတယ်။နောက်ဆုံး တစ်ပါတ်တစ်ခါ တက္ကသိုလ် ကို လာလည်ခွင့်ပြုဖို့ ကတိပေးပြီး ဒီကိစ္စ သဘောတူညီမှု ရသွားတယ်။
XiaoZhan ကို စာပြပေးတဲ့သူမှန်းသိသွားတော့ သူ့ကို စာသင်ပေးဖို့ Yibo က အတင်းပူဆာတော့တယ်။ ဒါက မဖြစ်နိုင်ဘူး။ XiaoZhan စာမေးပွဲ ကျသွားလိမ့်မယ်။ ဒီအတွက် လျော်ကြေးအနေနဲ့ Yibo နဲ့ တစ်ညနေ လျှောက်လည်ပေးလိုက်ရတယ်။ တစ်ခါတလေ Yibo က သူ့အတွက်သူ သိပ်သိတတ်တယ်။
ခုဆို စနေနေ့တိုင်း Yibo ကို P တက္ကသိုလ်မှာ မြင်နိုင်တယ်။ Library မှာ XiaoZhan စာဖတ်နေရင် Yibo ကလည်း အနားမှာ သူ့အထက်တန်းအိမ်စာကို လုပ်နေတယ်။ ကန်တင်းမှာ XiaoZhan ထမင်းစားရင် Yibo လည်း ကန်တင်းမှာပဲ လိုက်စားတယ်။ XiaoZhan အဆောင်ပြန်နားရင် Yibo လည်း အဆောင်လိုက်လာတယ်။ လူအများကြီးနဲ့ အပေါင်းအသင်းလုပ်နိုင်ဖို့ မျှော်လင့်ထားပေမယ့်လည်း သူ့အခန်းဖော်တွေ ရှေ့မှာဆိုရင် သက်တောင့်သက်သာရှိပုံမရတဲ့ Yibo ကြောင့် စနေနေ့တွေမှာ အဆောင်ထဲ အောင်းမနေဖို့ XiaoZhan အတတ်နိုင်ဆုံးကြိုးစားပါတယ်။ အတန်းတင်စာမေးပွဲ ပြီးသွားရင်တော့ သူ့ကို ဟို ၃ ယောက်နဲ့ မိတ်ဆက်ပေးဖို့ စီစဉ်ထားတယ်။ သက်တူရွယ်တူတွေနဲ့ ပေါင်းနိုင်ရင် ပိုကောင်းတယ် မဟုတ်လား။
ဒီနေ့ သူတို့ basketball ဆော့ကြပြန်တယ်။ JiangCheng အပြင် Yubin ပါ ပါတယ်။ Yibo ရဲ့ လူလက်ခံနိုင်တဲ့ circle က နည်းနည်းကျယ်လာပြီလို့ ပြောလို့ရတယ်။
Yibo နဲ့ Yubin ဆော့နေတုန်း JiangCheng က ရုတ်တရက် ထပြောတယ်။
"အဲကောင်လေး မျက်လုံးတွေက တစ်မျိုးပဲ XiaoZhan. မင်း သတိထားနေ"
ANDA SEDANG MEMBACA
You Are My Life