Chapter 24

17.3K 1.6K 38
                                    

(Unicode)

XiaoZhan ရဲ့ စကားဆုံးပေမယ့် Yibo ဆီက ဘာတုန့်ပြန်မှုမှ မလာတာကြောင့် သူနည်းနည်းတော့ စိုးရိမ်သွားမိတယ်။ ဒါပေမယ့် သူနောက်တစ်ခေါက် ပြန်ပြောမှာမဟုတ်ဘူး။ ဒီအတောအတွင်း Yibo သူ့ကို လက်လျှော့လိုက်ပြီဆိုလည်း ဒီအတိုင်းပဲ ရှိပါစေတော့ တစ်ယောက်တည်းပဲ အသက်ကြီးတာပေါ့။ ဒါပေမယ့် Yibo ရဲ့ မျက်နှာအမူအရာကို အကဲခတ်ကြည့်တော့...

ဘုရားရေ

မျက်ရည်တွေ ဝဲနေပါ့လား

XiaoZhan သူ့ကို ကြည့်တာမြင်တော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မျက်ရည်သိမ်းတယ်။

"Sorry။ ကျွန်တော် အရမ်းပျော်သွားလို့။ နောက်ပြီးတော့ Zhan ge က ကျွန်တော့်ကို အဝေးကိုသွားခိုင်းဖို့ လှမ်းခေါ်တယ် ထင်ခဲ့တာ။ မဟုတ်ရင် ဒီအချိန်ကြီး ဘာလုပ်ဖို့ ခေါ်မှာလဲ ဆိုပြီးတော့"

Yibo က အရမ်း emotional ဖြစ်နေတဲ့ ခပ်အက်အက် အသံနဲ့ပြောတယ်။ ဒီအတောအတွင်း နှစ်ယောက်ကြားက ဆက်ဆံရေး အရမ်းကောင်းလာခဲ့တာကို ဘာကိစ္စအဲလိုထင်နေရသေးတာလဲ။

"Sorry။ ငါ နည်းနည်း အလောကြီးသွားတယ်။ မနက်ဖြန်ထိ မစောင့်နိုင်တော့လို့"

ဒီစကားကို ကြားတော့ drama queen လေးက ခုနက သိမ်းထားတဲ့ မျက်ရည်တွေကို မဆည်နိုင်တော့ဘူး ထင်ပါရဲ့ ချက်ချင်းကို ထငိုပါတယ်။ သူ့ရဲ့ cool guy image ပျက်နေပြီဆိုတာတောင် သတိမထားမိတော့ဘူး ထင်တယ်။

XiaoZhan မှာ ပုခုံးပဲ ပုတ်ပေးရမလား ရေပဲ ထခပ်ပေးရမလား မသိဖြစ်ရော။ အကြာကြီးတော့ မဟုတ်ပါဘူး ငိုတာ၂ စက္ကန့်လောက်ပါပဲ။

"ဒါဆို Zhan ge က ကျွန်တော့အပိုင် ဖြစ်သွားပြီပေါ့နော်"

"အာ အဲလိုမျိုး မဟုတ်ဘူးလေ။ အင်း သက်ဆိုင်သူပေါ့"

သူ့အပိုင် ငါ့အပိုင်ဆိုပြီး relationship ထဲကို ချက်ချင်းကြီး ခြေစုံပစ်ဝင်ဖို့တော့ XiaoZhan နည်းနည်းတွန့်ဆုတ်နေသေးတယ်။ ဖြေးဖြေးချင်းပဲ သွားတာပေါ့။

Yibo ကတော့ Zhan ge က တစ်ချက် စဉ်းစားပြီးမှ ပေးလိုက်တဲ့ "သက်ဆိုင်သူ" ဆိုတဲ့ နာမည်လေးကို အရမ်းသဘောကျပါတယ်။ ဘာပဲဖြစ်ဖြစ် Zhan ge က သူ့အပိုင်မဟုတ်လည်း သူကတော့ Zhan ge အပိုင် ဖြစ်ပေးပါ့မယ်။

You Are My LifeWhere stories live. Discover now