(Unicode)
B city ရဲ့ အထပ်မြင့် အဆောက်အဦးတစ်ခုရဲ့အပေါ်ဆုံးထပ်မှာ လူငယ်တစ်ယောက်က မျက်မှန်တစ်လက်၊ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ Timing ပေးထားပြီး ရိုက်ပေမယ့်လည်းသူလိုချင်တဲ့ 'အလုပ်မှာ အာရုံစူးစိုက်နေတဲ့ စွဲဆောင်မှု ရှိတဲ့ ယောက်ျားတစ်ယောက်' ရဲ့ ပုံကို ခုထိမရသေးဘူး။ မဖြစ်သင့်တာပဲ သူက အင်မတန်ချောပါရဲ့နဲ့။ ၃ ကြိမ်လောက် ရိုက်လိုက် ဖျက်လိုက်အပြီးမှာတော့ သူ စိတ်ကျေနပ်လောက်တဲ့ ဓာတ်ပုံတစ်ခု ထွက်လာတယ်။ ဟုတ်ပြီ။ ဒီဂရီအမျိုးပြောင်းကြည့်ပြီး တကယ် ကြည့်ကောင်းတာ သေချာတော့မှ contact တစ်ခုထဲကို လှမ်းပို့လိုက်တယ် 'Zhan ge ယောက်ျားလေး အလုပ်ကြိုးစားနေတယ်' ဆိုတဲ့ caption နဲ့ပေါ့။
Yibo သူ့ Zhan ge ဘယ်လို reply ပြန်မလဲ သိချင်လို့ စောင့်နေတုန်း PR ဌာနက Sizhui ဝင်လာတာနဲ့ ဖုန်းကို ခဏချလိုက်ရတယ်။
"Boss, Didi ai ni က ခု Weibo မှာ trending ဖြစ်နေတယ်"
Sizhui က tablet တစ်ခုကို သူ့ရှေ့လာချပြတယ်။ Didi ai ni ဆိုတာYibo တို့ ကုမ္ပဏီက ပထမဆုံး ထုတ်လိုက်တဲ့ online game ရဲ့ နာမည်ပါ။ YiZhan ဟာ ဒီ နှစ်တွေအတွင်း ပထမတန်းစား ကုမ္ပဏီကြီးတွေဖြစ်တဲ့ tencent တို့ netease တို့နဲ့ မယှဉ်နိုင်သေးပေမယ့် game လောကမှာ တဖြေးဖြေးနေရာရလာခဲ့ပြီ။ ဒါပေမယ့် သူထုတ်တဲ့ game တွေက ခုလို trending ထဲပါတာတော့ ပထမဆုံးပဲ။ လွန်ခဲ့တဲ့၂ နှစ်က International server ဖွင့်လိုက်တုန်းကတောင် ခုလို popular မဖြစ်ခဲ့ဘူး။ ပုံမှန်အားဖြင့် Weibo မှာ trending ဖြစ်တာက ဇာတ်ကားတွေ အနုပညာရှင်တွေ နဲ့ သူတို့ရဲ့ scandal တွေပါပဲ။ Online game တစ်ခုက ခုလို ပါလာဖို့ ဆိုတာ အင်မတန် ဖြစ်နိုင်ခြေနည်းတဲ့ အနေအထားပေါ့။
Sizhui က ဘေးကနေ အခြေအနေကို ရှင်းပြတယ်။
"Boss, Tian Hai ကို သိလား။ Hell King ဆိုတဲ့ account ပိုင်ရှင်လေ။ သူက ကျွန်တော်တို့ ပြည်တွင်း server မှာ ranking နံပတ် ၁ ပဲ"
Yibo အဲဒီလူကို သိပါတယ်။ သူတို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ game streamer တစ်ယောက်ပဲ။
Sizhui က ပြောရင်းတန်းလန်းနဲ့ game ထဲဝင်ပြီး အခြေအနေကို သေချာပြတယ်။
Online game တော်တော်များများမှာ character ချင်း လက်ထပ်လို့ရတဲ့ function တွေ ထည့်သွင်းပေးထားတတ်တယ်။ Yibo တို့ game မှာလည်း အဲဒီ function ပါတာပါပဲ။ ပိုထူးခြားတာက အဲဒီအတွက် Di di ai ni မှာ gender ကန့်သတ်ထားတာ မရှိတာပဲ။ ဒါပေမယ့် ဒီနှစ်တွေအတွင်း same gender လက်ထပ်တာတွေ ရှိခဲ့ပေမယ့် ဒီကိစ္စက အရမ်းကြီး explosive မဖြစ်ခဲ့ဘူး။
YOU ARE READING
You Are My Life