(Unicode)
XiaoZhan နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်တော့ ဆေးရုံပေါ်မှာ။ အခန်းအပြင်အဆင်ကို ကြည့်လိုက်ရုံနဲ့ ထိပ်တန်းဆေးရုံတစ်ခုရဲ့ VIP ခန်းတစ်ခန်းဆိုတာ သိနိုင်တယ်။ ဆေးရုံစောင့် တစ်ယောက်မှ မရှိတာကြောင့် သူ့ကို ဘယ်သူဆေးရုံတင်ပေးထားလဲ မသိရဘူး။ Wang Yibo မဟုတ်ပါစေနဲ့လို့သာ ဆုတောင်းရတာပဲ။ခဏကြာတော့ သူနာပြုဆရာမလေးတစ်ယောက်ဝင်လာတယ်။
"ဟော လူနာတောင် သတိရလာပြီ"
သူမက ခပ်အေးအေးဆိုပြီး သွေးပေါင်ချိန်တာတွေ လုပ်တယ်။
"တဆိတ်လောက် ကျွန်တော့်ကို ဘယ်သူ့ဆေးရုံတင်သွားတာလဲ ခင်ဗျ"
သူနာပြုမလေးက သူ့လက်ထဲက လူနာမှတ်တမ်းကို ပြန်ကြည့်ပြီး ဖြေတယ်။
"Bai GongYi တဲ့။ ရှင်နဲ့ အသိလား။ ကိစ္စအားလုံး သူပဲ စီစဉ်ပေးသွားတာ"
Bai GongYi က ဘယ်သူလဲ။ သူကြားတောင် မကြားဖူးဘူး။ Yibo က ဘယ်ရောက်သွားလဲ။
"နောက်ထပ် တစ်ခုလောက် တောင်းဆိုချင်လို့ပါ။ ကျွန်တော့်ကို ဖုန်းလေး ပေးဆက်လို့ရမလား"
သူ့ကိုယ်သူ ဘယ်လိုဖြစ်ပြီး ဆေးရုံပေါ် ရောက်လာမှန်း သိပုံမရတဲ့ XiaoZhan ကို သူနာမဆရာမလေးလည်း ဂရုဏာ သက်သွားပုံရတယ်။ သူ့ရုပ်ရည်ကြောင့်လည်း ပါမှာပေါ့။ ဖုန်းဆက်ပြီးတဲ့အခါ သူ့ကို လှမ်းခေါ်လိုက်ဖို့ပြောပြီး အခန်းအပြင်ထွက်သွားပေးတယ်။
သူအရင်ဆုံး ဖုန်းခေါ်မိတာ JiangCheng ပဲ။ နံပါတ်တွေ အလွတ်ရနေလို့ တော်တော့တယ်။
Ring ၃ ခါ မြည်ပြီးမှ "Hello" ဆိုတဲ့အသံကို ကြားရတယ်။ JiangCheng ရဲ့ အသံက မနွေးထွေးဘူး။ အမြဲတမ်း မာဆတ်ဆတ်နဲ့ ခုဆို နည်းနည်း စိတ်ရှုပ်နေတဲ့ဘက်တောင် ရောက်နေတယ်။ ဒါပေမယ့် ဒီရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတဲ့အချိန်မှာ XiaoZhan အိမ်ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ သူ့ရဲ့ အိပ်မက်ဆိုးက ဒီနေရာမှာတင် ပြီးဆုံးသွားပြီး XiaoZhan ရဲ့ ကိုယ်ပိုင်ဘဝလေးကို ပြန်လည်ရရှိတော့မယ့် ပုံစံမျိုး။
"Hello"
JiangCheng ရဲ့ အသံက စိတ်မရှည်တဲ့ပုံ သိသာနေပြီ။ သူ့စရိုက်အရ 'ဘာကိစ္စဆက်တာလဲ' 'ဘာလို့ခေါ်ပြီး စကားမပြောတာလဲ' တွေ မေးမှာမဟုတ်ဘူး။ စိတ်မရှည်ရင် တန်းချပစ်မှာ။ XiaoZhan ဖုန်းအချမခံချင်တာကြောင့် သူ့ နာမည်ကို ခေါ်လိုက်တယ်။
YOU ARE READING
You Are My Life