(Unicode)
အိပ်ယာထဲက မထနိုင်တော့ဘူးလို့ ထင်ရတဲ့ XiaoZhan ဟာ နောက်နေ့မနက်မှာတော့ သူ့ယောကျ်ားလေးနဲ့အတူ ဆိုင်ကယ်စီးပြိုင်ပွဲကို ရောက်ခဲ့ရတာပါပဲ။ မဝတ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ couple shirt နဲ့ပေါ့။
ဒီကလေးကို အလိုလိုက်တာတွေ များနေပြီဆိုတာ သူ သိတယ်။ ဒါပေမယ့် အကျင့်ပါပြီး ပြန်ပြင်လို့မရတော့ဘူး။ ခုလည်း couple shirt နဲ့ လက်ချင်းတွဲပြီး ခုံနေရာ လိုက်ရှာနေရတယ်။ စောစောရောက်တာမို့ တော်တော့တယ်။ မဟုတ်ရင် လူကြားထဲ လက်တွဲရတာ အဆင်ပြေမှာ မဟုတ်ဘူး။ အုပ်စုလိုက်မဟုတ်ပဲ လူ၂ ယောက်တည်း အင်္ကျီ ဆင်တူဝတ်ပြီး လက်ချင်းချိတ်ထားတယ်ဆိုရင် ဒါ သာမန်သူငယ်ချင်းမဟုတ်တာ လူတိုင်းသိမှာပါ။ အဲ ၂ ယောက်က ယောက်ျားလေးတွေဆိုရင်တော့ ဒီ ၂ ယောက်ရဲ့ relationship ကို ပိုပြီးတော့တောင် တိတိကျကျပြောနိုင်ဦးမယ်။ အဲတော့ သူတို့ကို လူတိုင်း ကွက်ကြည့်ကွက်ကြည့်ပေါ့။ Yibo ကတော့ ဂရုမစိုက်ပါဘူး။ ကြည့်ချင်သလား ကြည့် ဓာတ်ပုံရိုက်ချင်သလား ရိုက်လေ အင်တာနက်ပေါ် တင်ချင်သေးလား ရတယ် သူ့အတွက်က လူတွေသိလေ ပိုကောင်းလေ မို့လို့။ XiaoZhan ကသာ အကြီးဖြစ်တဲ့အတွက် ရှက်နေရတာ။ သူ့အသက် ၃၀ နားနီးပြီဆိုတာလည်း သတိရပါဦး Yibo ရဲ့။
ခုံနေရာတွေ့တော့ ဝယ်လာတဲ့ မုန့်ထုပ်ကို ရှေ့မှာအရင်ချလိုက်တယ်။ ဒါက XiaoZhan အတွက်။ ဒီလိုပွဲတွေ စိတ်မဝင်စားတဲ့ XiaoZhan ဟာ မုန့်စားဖို့ သပ်သပ်လိုက်လာတာပါ။ XiaoZhan ထိုင်မယ်လုပ်တော့ Yibo က တားတယ်။
"ခဏလေး Zhan ge"
နောက် Yibo က သူ့ ကျောပိုးလွယ်အိတ်ထဲက ခေါင်းအုံးအသေးတစ်လုံးကို ထုတ်ပြီး ကူရှင်အဖြစ်ထိုင်ဖို့ ပြင်ဆင်ပေးတယ်။
"ထိုင်လို့ ရပြီ"
သူ့လုပ်ရပ်ကြောင့် XiaoZhan တင်မက ဘေးနားက အကဲခတ်နေတဲ့သူတွေပါ မျက်လုံးပြူးကုန်တယ်။
ဘုရားရေ...... လူကြားထဲမှာ ဘာလုပ်နေကြတာလဲ
"Wang Yibo.... မင်း ရူးနေလား"
"Zhan ge နာမှာ စိုးလို့လေ။ ဖြေးဖြေးထိုင်နော်"
Yibo က သူ့ကို ခုံပေါ် အသာအသာ ထိုင်ခိုင်းတယ်။ အမှန်တော့ Zhan ge ကို နေပူမှာစိုးလို့ ထီးပါ ဆောင်းပေးချင်တာ။ ဒါဆို နောက်ကလူတွေ ဆဲမှာ သေချာတယ်။
YOU ARE READING
You Are My Life