(Unicode)
နောက်တစ်ပါတ်အကြာမှာတော့ XiaoZhan ဆီကို မမျှော်လင့်တဲ့ ဧည့်သည်တွေ ရောက်လာခဲ့တယ်။ ပထမတစ်ယောက်က JiangCheng.တကယ်တော့ XiaoZhan ရဲ့ ပါး ဆုံးကတည်းက သူပြန်လာဖို့ စီစဉ်နေခဲ့တာ။ ဒါပေမယ့် အလုပ်က ခွင့်တစ်ပါတ်ကြိုတင်ဖို့လိုတာမို့ ခုမှ ပြန်လာလို့ ရခဲ့တာ။ XiaoZhan ရဲ့ accident သတင်းကြားတုန်းက သူ အသုဘနှစ်ခု ပြိုင်တက်ရတော့မလားလို့တောင် စိတ်ပူခဲ့မိသေးတယ်။ ဒါပေမယ့် ဒီတစ်ခါ သူလာခဲ့တာက လူနာသတင်းမေးဖို့ ရည်ရွယ်ချက် တစ်ခုတည်းတင် မဟုတ်ဘူး။
JiangCheng အခန်းထဲ ဝင်လိုက်တော့ ပထမဆုံးမြင်ရတာက Yibo. ဟုတ်တယ်။ သူ Yibo ကြောင့် ပြန်လာခဲ့တာ။ လွန်ခဲ့တဲ့ အပါတ်က Yi Hua သူ့ကို ဖုန်းဆက်တယ်။ XiaoZhan က အားလုံးကို မှတ်မိပြီး Yibo တစ်ယောက်တည်း ကွက်ပြီး အတိတ်မေ့သွားခဲ့တဲ့အကြောင်း။ သူ ဒီကလေးနဲ့ ပါတ်သတ်ပြီး မသင်္ကာခဲ့တာ ကျောင်းတက်စဉ်ကာလကတည်းက။ ခုတော့ ပိုပြီး သံသယရှိစရာ ကောင်းလာပြီ။
"Hello, Yibo. XiaoZhan ရော"
သူဝင်လာတဲ့အချိန်မှာ XiaoZhan အခန်းထဲ ရှိမနေဘူး။
"Zhan ge သန့်စင်ခန်းသွားတယ်ခင်ဗျ"
Yibo အသစ်လာတဲ့သူကို သေချာကြည့်ပြီးမှ JiangCheng မှန်း သဘောပေါက်ရတယ်။ JiangCheng က အရပ်လည်း ပိုရှည်လာသလို မျက်မှန်တပ်ထားပြီး နည်းနည်းပိုပြီး ရင့်ကျက့်တဲ့ပုံ ပေါက်လာတယ်။
JiangCheng က သူယူလာတဲ့ သစ်သီးခြင်းကို ကုတင်ဘေးက စင်ပေါ်မှ ချလိုက်ပြီး လူနာစောင့်ထိုင်ခုံမှာ ဝင်ထိုင်ပြီး XiaoZhan ကို စောင့်နေလိုက်တယ်။ သူနဲ့ Yibo နဲ့ ဘာပြောစရာစကားမှ ရှိမနေတာ ခုချိန်မှာ ပိုပြီး သိသာလှတယ်။ အခန်းထဲမှာ keyboard ပေါ် စာရိုက်သံသဲ့သဲ့က လွဲပြီး ဘာသံမှ မရှိဘဲ တိတ်ဆိတ်နေတာ XiaoZhan ပြန်လာတဲ့ အထိပဲ။
"JiangCheng"
JiangCheng လှည့်ကြည့်လိုက်တော့ ခန္ဓာကိုယ်သန့်ရှင်းရေးလုပ်ပြီးတဲ့ XiaoZhan ကို တွေ့ရတယ်။ သူ့ကို ပိန်သွားမယ် ထင်ထားပေမယ့် XiaoZhan ဝိတ်ကျမသွားဘူး။
"ငါက မင်း ပြန်မလာတော့ဘူး ထင်နေတာ"
"ငါ အခုမှ ခွင့်ရလို့"
YOU ARE READING
You Are My Life