Chapter 22

17.2K 1.6K 85
                                    

(Unicode)

"Zhan ge, ကျွန်တော့် phone ရော"

"အို"

အဲကျမှ Yibo ရဲ့ phone ကို သူ့ coat အင်္ကျီထဲ ထည့်ထားမိမှန်း သတိရတယ်။

"ဒီမှာ, အန်တီ တို့ကို ခေါ်တုန်းက မေ့ပြီး ထည့်ထားလိုက်မိတာ"

Yibo က ဘာမှ မပြောပဲ သူ့ phone ကိုသာ ယူပြီး ဖုန်းဆက်ဖို့ ပြင်တယ်။ ဒါပေမယ့် home screen wallpaper ကို မြင်တော့ တစ်ချက်ပြုံးသွားတယ်။ Zhan ge မြင်သွားပြီပေါ့။ ဒါလည်း ကောင်းတာပါပဲ။

"ငါ အပြင်ထွက်ပေးရမလား, Yibo"

XiaoZhan က Yibo ဖုန်းဆက်မှာ မြင်တော့ မေးတယ်။ အချို့ကိစ္စတွေက privacy ပေးသင့်တယ် မဟုတ်လား။

"နေ နေ Zhan ge ဒီမှာပဲနေ။ Zhan ge အပြင်ထွက်ရင် ကျွန်တော် နေမကောင်းဖြစ်လိမ့်မယ်"

သူ့စကားကြောင့် တစ်ဖက်က JingYi ရဲ့ "Hello, boss" လို့ ပြောမယ့် စကားက လည်ချောင်းမှာပဲ ရပ်သွားတယ်။

ဘုရားရေ

ငါတို့ သူဌေးမှ ဟုတ်ရဲ့လား

"JingYi"

"ဟုတ် boss"

တကယ်တော့ သူတို့ တစ်အုပ်စုလုံး Yibo ကို နောက်ကွယ်မှာ သူဌေးလေး တို့ boss ပေါက်စ လေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတာပါ။ သူက ဝန်ထမ်းအားလုံးထက် အသက်ပိုငယ်တယ်လေ။ ဒါပေမယ့် ရှေ့မှာတော့ ရိုသေသမှုနဲ့ boss ပေါ့။

"မင်း PingHe ဆေးရုံကို သိတယ်မဟုတ်လား။ အဲဒီကို ငါ့ရဲ့ laptop ယူလာပေးပါ့လား။ လိပ်စာ အတိအကျ mail ပို့လိုက်မယ်။ နောက်ပြီးတော့... အာ.... နေပါစေတော့။ အဲဒါပဲ"

တကယ်တော့ သူ့စားပွဲပေါ်က file အဝါရောင်ကိုပါ ယူခဲ့ဖို့ မှာချင်တာ။ ဒါပေမယ့် Zhan ge နဲ့ ရှိတဲ့ အချိန်မှာ အခြားကို အာရုံမစိုက်ဘဲ Zhan ge ကိုပဲ ရသမျှ ကြည့်နေချင်တာမို့ အဲဒီအစီအစဉ်ကို ဖျက်လိုက်တယ်။ Laptop က မဖြစ်မနေမို့။ သူတို့ ကုမ္ပဏီ က New Year မှာ ပထမဆုံး အနေနဲ့ game တစ်ခုကို launch လုပ်မှာမို့ ခုတလော အရမ်းအလုပ်ရှုပ်နေတာ။ ဆောင်းရာသီ ပိတ်ရက်လား? မေ့ထားလိုက်။

တကယ်တော့ Yibo က နည်းပညာ ကျောင်းသားဆိုပေမယ့် သူ့ပါး ရဲ့ စီးပွားရေးပါရမီ ကို လက်ခံရရှိထားတယ်။ တကယ်တော့လည်း အရောင်းအဝယ်ဆိုတာ လူ့အဖွဲ့အစည်းမှာ ပထမဦးဆုံး ပေါ်လာတဲ့ အလုပ်အကိုင်ပဲ မဟုတ်လား။ လူသားတိုင်းရဲ့ ဗီဇထဲမှာ အနည်းအကျဉ်းတော့ ပါလာပြီးသား။ ပါရမီ များ, အတွေ့အကြုံဗဟုသုတများတဲ့သူက ပိုအမြင်ကျယ်ပြီး ပိုအမြတ်ထုတ်နိုင်တာပေါ့။ စီးပွားရေးမေဂျာယူတဲ့သူတွေကတော့ ဒါကိုပိုပြီး ပညာရှင် ဆန်ဆန်လေ့လာနိုင်တာပေါ့။ Yibo အတွက်တော့ အဲလောက်ကြီး မလိုပါဘူး။ အဓိက က တစ်ဖက်က ဘာလိုချင်လဲ သိရင် ရပြီ။ customer နဲ့ပဲ ဖြစ်ဖြစ် ဝန်ထမ်းတွေနဲ့ပဲ ဖြစ်ဖြစ် trade off လုပ်တတ်ဖို့ အရေးကြီးတယ်။ သူ့ဝန်ထမ်းတွေထဲမှာ IT ပညာရှင်တွေ graphic designer တွေ အများစု ပါဝင်တယ်။ အဲလိုလူမျိုးတွေအတွက် သူတို့ idea ကို ဖွင့်ထုတ်နိုင်မယ့် နေရာတစ်ခုရယ် အဲဒီ idea သာ အကောင်အထည်ပေါ်လာခဲ့မယ်ဆိုရင် သူတို့ရလာမယ့် credit ရယ်က အရေးအကြီးဆုံးပဲ။ သူတို့ရဲ့ intellectual property ကို လေးစားအသိအမှတ်ပြုပေးဖို့ပေါ့။ ဒီလောက်တော့ Yibo သူတို့ကို ပေးနိုင်ပါတယ်။ သူ့အတွက် credit ​က အရေးမကြီးဘူး။ အမြတ်အစွန်းပဲ အရေးကြီးတာ။

You Are My LifeWhere stories live. Discover now