Part 1

806 41 5
                                    

Zawgyi( Unicode under👇👇)

"ဩော် Seungwoo! ပြန်လာပြီလား..ဒီမှာ dorm အတွက် staff အသစ်တွေလေ။"

X1 dorm အတွက် လိုနေသော staff အသစ်များကို ခေါ်လာပြီး manager nim မှ leader seungwoo အား မိတ်ဆက်ပေးနေသည်။

"Ahh nae.ရောက်လာကြပြီလား..."

"အေး..မိန်းကလေး ၂ယောက် ယောကျာ်းလေး ၂ယောက်။ သူက soe hee,သူက san hwa,သူက wooseik, သူကတော့ dongpyo တဲ့။"

Manager မှ ပြောပြပေးနေသော နာမည်များကို လူနှင့်တွဲကာ မှတ်နေရင်း seungwoo အကြည့်တွေက dongpyo ဆိုသူ ဆီရောက်လာသည်။ ယောကျာ်းလေးဆိုပေမယ့် သေးသေးကွေးကွေး ကလေးသာသာလေးဖြစ်ကာ လူစိမ်းများရှေ့တွင် ကြောက်နေပုံလေးလည်း ပေါ်သည်။ အရည်လဲ့နေသော မျက်လုံးဝိုင်းလေးများက သူ့ကိုကြည့်နေသော seungwoo ဆိုသူကို နှုတ်ပဲဆက်ရမလား။ဒီတိုင်းပဲ ဆက်ငြိမ်နေရမလားဟု တွေးနေပုံဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေသည်။ seungwoo က သူ့ဆီမှ အကြည့်မခွာသေး၍လည်း နေရခက်နေပုံပေါ်သည်။

"အင်းး ချစ်စရာလေးး"

"ဘာရယ်..!!"

ရုတ်တရက်ကြီး ပြုံးစိစိဖြင့် အသိစိတ်လွတ်နေသလိုမျက်နှာပေးဖြင့် ပြောချလိုက်သော seungwoo ကြောင့် manager nim မှာ ကြောင်သွားကာ ပြန်မေးလိုက်သည်။

"ahh..မဟုတ်ပါဘူး..ဒီမှာလေ ကျွန်တော် macaroon လေးတွေ အရောင်စုံတွေ့တာနဲ့ ချစ်စရာကောင်းလို့ ဝယ်လာခဲ့တာ...မင်းတို့ပဲ စားလိုက်ကြတော့.."

သူ့လက်ထဲသို့ macaroon ဘူးကြီး ထိုးထည့်ကာ လှည့်ထွက်သွားသူကို dongpyo ကြောင်ငေးပြီး ကြည့်နေမိသည်။
အရပ်ကြီးမှာ သာမန်အရပ်ရှည်သူများထက် ပို၍ရှည်နေကာ dongpyo နှင့်ဆိုလျှင် ၂ဆကျော်လောက်ကွာနေသည်။ အုန်းမှုတ်ခွက်ကေဆို သိပ်မကြိုက်တတ်သော်လည်း ဒီလူအတွက် သီးသန့်ကေဟု ပြောရလောက်အောင် လိုက်ဖက်ကြည့်ကောင်းနေသည်။ ထိုဆံပင်များက သူ့ကို နူးညံ့စွာစိုက်ကြည့်နေသော မျက်လုံးလေးများကို အုပ်ထားသဖွယ် ဖြစ်နေတာကိုတော့ dongpyo သိပ်ဘဝင်မကျချင်။ တက်အိပ်၍ရလောက်အောင် ဖြောင့်စင်းနေသော နှာတံလေးနဲ့ မထူမပါးနှုတ်ခမ်းတစုံမှာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျစွာ လှပနေသည်။ ယောကျာ်းလေးတယောက်ကို လှတယ်လို့ မသုံးနှုန်းဖူးသော်လည်း ဒီလူအတွက်တော့ ဒီစကားနဲ့တကယ်ကွက်တိဟု dongpyo တယောက်တည်း တွေးနေမိသည်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeDonde viven las historias. Descúbrelo ahora