Part 2

340 33 0
                                    

Zawgyi( Unicode under👇👇)

"Dongpyo ရေ~~သွားကြရအောင် လူစုံနေပြီမို့ ငါတို့ကိုနှုတ်ဆက်ပေးတော့မယ်တဲ့"

"အာ~~ဟုတ်။လာခဲ့မယ်"

ရေချိုးပြီးစ၊မိုးလည်းချုပ်နေတော့ ညဝတ်အကျီနဲ့ပဲထွက်ရမလား..တီရှပ်နဲ့ထွက်ရမလားစဉ်းစားနေမိသည်။ ကိုယ်နှုတ်ဆက်ရမယ့်သူတွေက နာမည်ကြီး idol တွေနဲ့ကိုး။...

"တော်ပါပြီ~ရှုပ်တယ်။ ဒီတိုင်းပဲသွားတော့မယ်..ဩော် ဟိုမုန့်ဘူးယူရအုံးမယ်"

macaroon ဘူးကိုပိုက်ကာ အခန်းအပြင်လျှောက်ထွက်လာရင်း အပေါ်ထပ်မှဆင်းလာသော လောရှည်နဲ့ဆုံပြန်သည်။

အဝါနုရောင် ဝက်ဝံရုပ်ညဝတ်အကျီမှာ ခန္ဓာကိုယ်လေးနဲ့ယှဉ်တော့ ပွကာ ကြီးနေသည်။လိမ္မော်ရောင်တောက်တောက် ဘောင်းဘီအထူရှည်ဖြင့် မိမိအား ဆက်ပဲကြည့်ရမလို ..မျက်နှာလွှဲပြီး ဆက်သွားရမလိုဖြစ်နေသော ကောင်လေးကို seungwoo သဘောကျစွာ စိုက်ကြည့်နေမိသည်။ နှုတ်ခမ်းက ဘာကိစ္စထော်ထားရတာလည်း။ဖက်ရှင်ကလည်း အလန်းဟ..

စိတ်ထဲမှပြောချင်ရာပြောနေသော်လည်း လက်တွေ့မှာတော့ ကောင်လေးကို ခေါင်းတချက်ဆတ်ပြလိုက်တာ မိတ်ဆက်ကြမယ့်နေရာသို့ ခေါ်သွားလိုက်သည်။

"ကဲ အားလုံးကိုမိတ်ဆက်ကြရအောင်~ ဒါက soe hee, သူက san hwa..သူတို့က မိန်းကလေးတွေဆိုတော့ ချက်ရေးပြုတ်ရေးနဲ့ dorm သန့်ရှင်းရေးကိစ္စတွေ တာဝန်ယူပေးလိမ့်မယ်။ လိုအပ်ရင် ယောကျာ်းလေးတွေက ဝင်ကူပေးပေါ့..member တွေကများတော့..
ဒီနှစ်ယောက်ကတော့  wooseik နဲ့ dongpyo သူတို့ကတော့ member တွေနဲ့ အနီးကပ်နေပြီး လိုအပ်တာ အကုန်ကူညီပေးရမယ်၊ အပြင်ထွက်ရင်လည်း အမြဲလိုက်ရမယ်။ entertainment က staff တွေလည်းရှိတော့ အမြဲတမ်းတော့ လိုက်ဖို့မလိုပါဘူး..လိုအပ်ရင်လိုအပ်သလိုပေါ့..လောလောဆယ် swing က ဝန်ထမ်းတွေအပြောင်းအရွေ့ရှိနေတော့ လိုရမယ်ရ ထပ်ခေါ်တဲ့သဘောပါ။ dorm မှာက member တွေက အကလည်းကျင့်၊သီချင်းလည်းကျင့်ဆိုတော့ dorm ကို ဘယ်နည်းနဲ့မှ လှည့်မကြည့်နိုင်ဘူး။
အဓိကကတော့ ၄ယောက်လုံးက လိုအပ်တာမှန်သမျှ ကူညီစောင့်ရှောက်ပြီး လိုက်လုပ်ပေးဖို့ပါပဲ"

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeDonde viven las historias. Descúbrelo ahora