#Zawgyi
Dongpyo မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသော မျက်နှာတစ်ခုကြောင့် နှလုံးခုန်နှုန်းတွေ မြန်လာပြီး ခေါင်းမူးလာသည်။ ဒီလူ့ကြောင့် ဖြစ်လာရတဲ့ ကြောက်စိတ် ဆိုတော့။
အခုချိန် သူအနားမှာရှိစေချင်သည်က SeungWoo Hyung။ SeungWoo Hyung..မြန်မြန်ပေါ်လာပေးပါလား။ ရုပ်ရှင်တွေထဲကလိုဖြစ်ဖြစ် ပဟေဠိဆန်ဆန် ပေါ်လာပေးလို့မရဘူးလား။ ကျွန်တော် အရမ်းလိုအပ်နေလို့ပါ။
Dongpyo ငိုချင်လာသည်။ စိတ်ကိုတင်းကာ မရအရ ထထိုင်ရင်း ကုတင်ပေါ်သို့တက်သွားကာ လှဲနေလိုက်သည်။ ဟိုမိန်းမကတော့ သူ့အလွန်ထပ်ဖြစ်မှာစိုး၍ ဘာမှမပြောဘဲ အသာပြုံးကာ ရပ်ကြည့်နေသည်။
"တင်းတောင် တင်းတောင် တင်းတောင်"
"Seungwoo Hyung လာတာလား မသိဘူး"
Dongpyo လှိုက်ခနဲ ပျော်သွားကာ အားယူပြီး ကုန်းထရင်း အိမ်ရှေ့သို့ပြေးသွားဖွင့်ကြည့်မိတော့ လူသုံးယောက်။
ဝမ်းနည်းသွားသောစိတ်ကို လျစ်လျုရှုရင်း ဘာကိစ္စလဲ မေးမိသည်။ ဒီနေ့မှ အိမ်ကို လူတွေ လာနေလိုက်ကြတာ လို့လည်း တွေးမိသည်။
"ကျွန်တော်တို့ကို Manager Nim လွှတ်လိုက်တာပါ။ Dongpyo က ဖုန်းမကိုင်တဲ့အတွက် Seungwoo Hyung က တအားစိတ်ပူပြီး အလုပ်လုပ်လို့ပါ မရဘူး ဖြစ်နေတယ် ပြောပါတယ်။ သူ့ကို Manager က ပေးမသွားလို့ ကျွန်တော်တို့ကို လွှတ်လိုက်တာပါ။ ဒါနဲ့ ခင်ဗျား အဆင်ပြေပုံမပေါ်ဘူး။ ဖြူဖပ်ဖြူရော်နဲ့ မျက်နှာမှာရော အကျီတွေရော ရေတွေ စိုလို့။ ကျွန်တော်တို့ ဘာကူညီပေးရမလဲဗျ"
Staff တစ်ယောက်ရဲ့ ရှင်းပြသံအဆုံးတွင် Dongpyo ရင်ထဲ ကြည်နူးသွားသည်။ သူငါ့ကို တော်တော်စိတ်ပူနေပါလား ဆိုသော အသိနဲ့တင် ခံစားနေရသမျှ ပျောက်သွားသလို ခံစားရသည်။ တစ်ဖန် တွေ့ချင်လွန်းရက်နဲ့ မတွေ့ရသူကို သနားသလို ကိုယ်တိုင်ကလည်း တအားတွေ့ချင်နေပြီမို့ ငိုချင်လာပြန်သည်။
Dongpyo တံခါး အမြန်ဖွင့်ပေးလိုက်ရင်း
အိမ်ထဲမှာ ထိုင်ရန် အချက်ပြကာ Seungwoo ဆီ အရင်ဖုန်းဆက်မိသည်။
ဖုန်းခေါ်ပြီး လိုင်းဝင်သည်နှင့် စိတ်ပူနေသောအသံက ချိုသာစွာ ဝင်ရောက်လာသည်။