Part 8

206 27 2
                                    

#Zawgyi (Unicode Under👇👇👇)
ဒီနေ့ Magazine Shooting တခုရှိ၍ dorm တွင် member များ၊ stylist များနှင့် staff များ ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြသည်။

"အား....ပျင်းလိုက်တာကွာ...အကျီကြယ်သီးတောင် မတပ်ချင်တော့ဘူး"

Shooting နဲ့လိုက်မည့် အဝတ်အစားပုံထဲမှ တမျိုးပြီးတမျိုး ဝတ်ကြည့်နေရင်း SeungWoo ညည်းလာသည်။တကယ်က မဝတ်ချင်တော့တာ မဟုတ်။Dongpyo ကို အနားမှာ နေစေချင်၍  ဥာဏ်နီဥာဏ်နက်ထုတ်နေခြင်းသာ။

"အွန်း..ညက အကကျင့်ထားတာ များလို့လားမသိ....ညောင်းတောင့်နေတာပဲ
.ခြေတွေ လက်တွေတောင် မသယ်ချင်တော့ဘူး"

တစတစ ညည်းနေ၍  soe hee ရောက်လာကာ "ကျွန်မဝတ်ပေးရမလား oppa??"

"အာ...နေပါစေ နေပါစေ..ကျွန်တော် ဒီတိုင်းပြောနေတာပါ"

"nae"

Soehee ပြန်ထွက်သွားသော် Seungwoo သက်ပြင်းတချက် မှုတ်ထုတ်လိုက်ပြီး ခေါင်းတရမ်းရမ်းနှင့် ဆက်ဝတ်နေတုန်း ကြယ်သီးပေါ်သို့ လက်သေးသေးလေး တစုံရောက်လာသည်။

"ကျွန်တော် တပ်ပေးမယ်နော်..hyung"

ွခွင့်တောင်းခြင်းလား..အသိပေးခြင်းလား မမည်သော လေသံလေးနှင့်ပြောကာ တပ်ပေးနေသော dongpyo ကို Seungwooကြည်နူးစိတ်ဖြင့် ပြုံးကြည့်နေမိသည်။သူ့ကို ဂရုစိုက်မှန်း သိလို့ သူတတ်နိုင်သလောက် ပြန်ပြီး လိုက်လုပ်ပေးနေတဲ့ကလေးလေး။

"လက်ကောက်ဝတ်နားက ကြယ်သီးတွေ ဖြုတ်ထားမှာလား..hyung"

"အင်း..အစမ်းဝတ်တာဆိုတော့..ပြောပါဦး..
မင်းအမြင်ရော ဒါနဲ့လိုက်လား...ဟိုးနားက အဖြူနဲ့ကာကီရောင်ရောထားတာနဲ့ လိုက်လား"

"အာ့ဝတ်စုံက body မပေါ်ဘူးဗျ...hyung ခုဝတ်ထားတာက ပိုအဆင်ပြေတယ်.."

"အင်း..ဒီ magazine က classic theme ဆိုတော့ နည်းနည်းရွေးရခက်နေတယ်..ပုံမှန်ဆို hyung က body ဦးစားပေးတွေပဲ ဝတ်ရတာဆိုတော့ သိပ်ခေါင်းမစားဘူး"

"Hyung..stylist noona တွေရော..."

"ဒီနေ့ နည်းနည်းပဲရှိတယ်..magazine က urgent ကြီးဆိုတော့ တချို့တွေ လာဖို့အဆင်မပြေဖြစ်သွားတာနဲ့..hyung လည်း ကလေးတွေဆီပဲ ပေးလိုက်တယ်.. ရှိတဲ့ stylist တွေကို..ရပါတယ်..ဒီထဲက
နည်းနည်းအဆင်ပြေတာ ရွေးလိုက်မယ်"

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeTempat cerita menjadi hidup. Temukan sekarang