Part 5

257 27 2
                                    

Zawgyi (Unicode under👇👇👇)

"အားလုံး အဆင်သင့်ဖြစ်ပြီးလား...soehee ရေ..အကုန်လုံးတချက်ပြန်စစ်ပေးပါအုံး အားလုံးပြီးရင် ပစ္စည်းတွေ ကျန်ခဲ့မှာစိုးလို့လေ.."

"nae.အားလုံးကို စစ်ပြီးမှ ထွက်လာပါ့မယ်"

Manager nim အား ပြန်ဖြေရင်း  soe hee တခန်းဝင် တခန်းထွက် လိုက်စစ်ပေးနေရသည်။ Swing က ဝန်ထမ်းတွေ အပြောင်းအရွေ့များနေတော့ dorm မှာရော enteratainment မှာရော ဖြစ်ဖြစ်မြောက်မြောက် အားကိုးစရာဆိုလို့ မိမိတို့ ၄ ဦးသာရှိသည်။

Swing သို့ရောက်သောအခါ seungwooအကတိုက်ရန် ပြင်နေသည်။

"တနေ့က choreography ကို တချက်ပြန်ကြည့်ကြ..yohan နဲ့ wooseok center နေရမယ့်လူ မှားမနေနဲ့အုံး...တနေ့က အားလုံးပြီးချင်ဇောနဲ့ အဖွင့်မှာ မင်းတို့ ၂ယောက်နေရာမှားကသွားတာ..ငါလည်း မနေ့က ပြန်ကြည့်ရင်းနဲ့မှ တွေ့တယ်"

(အကခန်းမတခုလုံး ရယ်သံများ)

"ဟုတ် hyung..ကျွန်တော်လည်း ပြန်ကြည့်မှတွေ့တာ"

"အေး..ပြန်ကျင့်ရအောင်အားလုံးလာကြတော့"

Dohyun မှာ စားလက်စကိတ်မုန့်ကို အတင်းထိုးသွပ်ရင်း အကကျင့်မယ့်နေရာကို ပြေးချင်နေသည်။Seungwoo hyung ကိုသူကြောက်ရသည်။
Dongpyo မှာ  နောက်မှ လှမ်းဆွဲကာ ကျောကို ပုတ်ပေးရင်း ရေတိုက်လိုက်သည်။ပါးစပ်မှလည်း မနေနိုင် ဆူလိုက်သေးသည်။

"အကကျင့်ခါနီး ဒီလိုဟာတွေ စားတော့ ဗိုက်အင့်မှာပေါ့...နောက်မစားနဲ့"..

"nae..ကျွန်တော် ခဏခဏဗိုက်ဆာတတ်လို့ပါ"

"Dohyun.dohyun..ဘယ်မှာလည်း"

Seungwoo အသံကြားသည်နှင့် မနေနိုင်တော့ပဲ ရေဘူးကောက်ဆွဲကာ dohyun ပြေးထွက်သွားသည်။

အကကျင့်နေသည့်အခန်းထဲသို့ ပန်ကာအပိုများ၊ဓာတ်ဆားရည်ဘူးများ နေရာချပြီးနောက် dongpyo ငြိမ်ငြိမ်လေးထိုင်ကာငေးကြည့်နေမိသည်။
သူဝါသနာအပါဆုံးအရာ ဖြစ်ပေမယ့် သူမတတ်နိုင်ဆုံးအရာလည်း ဖြစ်သည်။ကလည်း သေချာမကတတ်။

၂နာရီလောက်ကြာတော့ seungwoo သူတို့ staff လေးယောက်ထိုင်နေရာဘက်သို့ လျှောက်လာသည်မို့ ခန္ဓာကိုယ်မှာ standby အနေအထားသို့ အော်တိုရောက်သွားသည်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeWhere stories live. Discover now