Part 29

155 16 0
                                    

ဒီနေ့တော့ ရာသီဥတုသာယာနေသည်။ Promotion Schedule, Abroad Schedule , Fansign Schedule တော်တော်များများ ပြီးသလောက်ရှိသွားပြီမို့ တချို့ member တွေ အိမ်ပြန်အနားယူသူယူ ၊ အပြင်ထွက်သူထွက် နဲ့ ။

Seungwoo ကတော့ အပြင်ထွက်ရတာ သိပ်မကြိုက်တာမို့ အိမ်ထဲမှာနေရင်း အခန်းရှင်းနေသည်။ သူ သဘာကျသဖြင့် စုထားသော စာအုပ်များကို တအုပ်ချင်း တစ်လွှာချင်း သေချာ ရှင်းထုတ်နေသည်။
Dongpyo ကတော့ ရှင်းပေးမယ်ဆိုပြီး တစ်အုပ် ၂ အုပ် ဖုန်သုတ်ပေးပြီး စကားများရင်းကနေ ငုတ်တုတ် ငိုက်နေတာကြောင့် Seungwoo ကပဲ ကုတင်ပေါ် တင်ပေးထားရသည်။

"Hyung Hyung"

"Wae..ဘာလဲ"

အမောတကော ရေးကြီးသုတ်ပြာပြေးလာသော Hangyul ကြောင့် Seungwoo အသာပြုံးရင်း မေးမိသည်။

"Shim Inn Young"

"အွန်"

"Shim Inn Young " လေ...သူက

"အင်း ...အင်ယောင်းက ဘာဖြစ်လဲ"

"ဒီနေ့ Hyung ကို တွေ့ချင်လို့ ဒီထိလာမယ်တဲ့"

"Bor...Boraguuu !!"

Seungwoo အံ့ဩလွန်းသဖြင့် ဘာမှ ပြန်မမေးနိုင်။ Dorm သည် လာချင်တိုင်းလာ၍ ထွက်ချင်တိုင်း ထွက်လို့ရသော နေရာမဟုတ်။ Rumor ထွက်ရင် ရှင်းမနိုင်လွန်း၍ရော ၊ အခုမှ debut ကာစ မို့ရော အရမ်းဂရုစိုက်နေရတာကို။

ဒါနဲ့ နေပါအုံး.သူက ဘာလို့...ရုတ်တရက်ကြီး.......အင်းလေ...အမြဲ သူလုပ်ချင်တာ ကောက်လုပ်တတ်တဲ့ ကလေးမပဲဟာ

ရုတ်တရက်ကြားလိုက်ရလို့သာ အံ့ဩသွားသော်လည်း Seungwoo ဘာမှတော့ မခံစားရ။ သူ့ကို သဘောကျလို့ ကပ်လာသော မိန်းကလေးတွေကို အလိုက်အထိုက်ဆက်ဆံပေးနေကျပဲမို့။ ဒီတစ်ယောက်ကတော့ အစ်မဖြစ်သူ Han Sun Hwa ရဲ့ ခင်မင်ရင်းနှီးရသော ကျောင်းနေဖက်လည်း ဖြစ်သည့်အပြင် သူ့အစ်မနဲ့ဆို တစ်မျိုး၊ သူ့နဲ့ဆို တစ်မျိုး မို့ Seungwoo နည်းနည်းစိတ်အိုက်လာရသည်။
ကုတင်ပေါ်တွင် ဘဲနှုတ်ခမ်းကြီးကို ဖွင့်ဟကာ အိပ်မောကျနေသော ကလေးကိုကြည့်မိတော့ ကျောက်ခဲဆွဲထားသလို လေးလံသွားရသည်။

"Manager က ခွင့်ပြုလိုက်တာပဲလား"

Seungwoo အမေးကို Hangyul ခေါင်းငြိမ့်ပြရင်း ဆက်ပြောသည်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeWhere stories live. Discover now