Part 23

212 22 7
                                    

#Zawgyi(unicode under👇👇)

"ဟေ့ကောင်တွေ...Seungwoo Hyung က ဟိုကလေးစုတ်ဆီက အငြင်းခံလိုက်ရတယ်တဲ့"

"Wait...what!!!"

Hangyul မှ မျက်စိမျက်နှာပျက်ကာ အံ့ဩတကြီး လာပြောသည်။ ကျန်သောmember များလည်း လန့်သွားကာ ထအော်ကြတော့သည်။

"မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား..
မဖြစ်နိုင်သလိုပဲ...."

"အာ..wooseik ဆီက ကြားလာတာ..သူ့ကိုတောင် မချိန်းစဖူး ဘီယာသောက်ဖို့ ချိန်းပြီး ရင်ဖွင့်တာတဲ့"

"အမယ်...ဒင်းကပဲ ငြင်းပြီး ဘာတွေရင်ဖွင့်စရာရှိနေလည်း"

Yohan မှ အငေါတူးပြီး ပြောလိုက်သော်လည်း wooseok က ခေါင်းခါရင်း ပြန်ပြောသည်။

"မဟုတ်ဘူး..အဲ့ကလေးက သူ့စိတ်သူ သေချာမသိသေးတာ...တကယ်သာ စိတ်ပြတ်ရင် ဒီလိုတွေ ဖြစ်မနေဘူး"

Seungwoo ဝင်လာတော့ ဧည့်ခန်းထဲရှိ စကားဝိုင်းလေး မသိမသာ တိတ်ဆိတ်သွားသည်။

"ဆက်ပြောကြလေကွာ..မင်းတို့ကိုကြီး ငြင်းခံရတဲ့အကြောင်း"

"အာ...hyung ကလည်း"

Eunsang သူ့အကိုကို သွားဖက်ထားရင်း ကျောကိုပုတ်ပေးနေမှ Seungwoo ထရယ်ကာ

"မင်းတို့ကလည်းကွာ..ငါဘာမှမဖြစ်ဖူး...အချိန်တန် အဆင်ပြေသွားမှာ"

Seungyoun ခေါင်းကို ခပ်မြန်မြန် ငြိမ့်ပြရင်း
"ဟုတ်တာပေါ့ ..အလုပ်ကိုပဲ အာရုံစိုက်ထားတော့...debut ခါနီးပြီ"

"အေးအေး.
ဒါနဲ့ dongpyo ကိုလည်း ဘာမှသွားမပြောကြနဲ့နော်...ကလေးက ငယ်သေးတော့ စိတ်က ခံစားလွယ်နေမှာ"

"အင်းပါ...ပြောပါဘူး...ဒါ hyung တို့ ၂ယောက်ကြားက ကိစ္စပဲဟာ"

Wooseok အပြောကို seungwoo ခေါင်းငြိမ့်ပြုံးပြကာ အခန်းထဲဝင်သွားသည်။

အခန်းထဲမှာတော့ သန့်ရှင်းရေးလုပ်ပေးနေသည့် dongpyo နဲ့ sunhwa။

Seungwoo dongpyo ကိုတွေ့သော်လည်း အကြည့်လွှဲလိုက်ကာ ကျက်လက်စ သီချင်းစာသားများ ဆက်ကျက်ရန် စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်။အတတ်နိုင်ဆုံး မင်းအနေမခက်အောင် ငါနေပေးရမှာပေါ့။
ငါ့ကိုယ်ငါလည်း အဆင်ပြေအောင် ကြိုးစားရင်း....။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeDonde viven las historias. Descúbrelo ahora