#Zawgyi(Unicode Under👇👇👇)
"Dongpyo yaa..များများစားနော်"
"nae"
ပြောလည်းပြော..ကောင်းကောင်းလည်း စားနေသော dongpyo ကို seungwoo ကျေနပ်စွာ ပြုံးကြည့်နေသည်။ဒီလို အနားမှာထားပြီး ဖြည့်ဆည်းပေးနေရရင်ကို ဖြစ်ပါပြီ။
ကြောက်တတ်သော ကောင်လေးက အစမှာသာ အတင်းငြင်းပေမယ့် ခုတော့လည်း သူထည့်ပေးသမျှ အကုန် မြိန်ရေရှက်ရေ စားနေသည်။
SeungWoo သိချင်သည်များကို မေးရန် အချိန်ကောင်းဟု ယူဆကာ မေးလိုက်သည်။
"Dongpyo က အားလပ်ရက်တွေ လျှောက်သွားရတာ ကြိုက်လား.အိမ်မှာနေရတာ ကြိုက်လား...ဒီတိုင်း Dongpyo ရဲ့ ဆန္ဒကိုပဲပြော"
"ကျွန်တော့်ဆန္ဒလား..ကျွန်တော်က အပြင်ချည်းပဲ ထွက်ရတာလည်း မကြိုက်ဖူး..အိမ်မှာနေရတာလည်း အဲ့လောက်တော့ မကြိုက်ဖူး..၂ခုလုံး မျှလုပ်ချင်တာ..hyung ကရော"
"အိမ်မှာနေရတာ"
"ဩော်..ဟုတ်လား"
"imm မင်းက ဒီလို picnic လို ဟာမျိုးရော ကြိုက်လား"
"ကြိုက်တာပေါ့..ကျွန်တော်က ငယ်ငယ်တည်းကလေ သူများမိသားစုတွေအပြင်မှာ အဲ့လိုစုစုရုံးရုံး ထွက်နေတာ မြင်ရင် တအားသဘောကျတာ..အဖေက အစောကြီးဆုံးသွားတော့ အဲ့ဆန္ဒမပြည့်ခဲ့ဘူး.."
ပြောရင်း အသံတိမ်ဝင်လာကာ မျက်နှာအောက်ငုံ့သွားသောကြောင့် seungwoo စိတ်မကောင်းဖြစ်သွားသည်။
"..hyung တောင်းပန်ပါတယ်..စိတ်မကောင်းဖြစ်သွားရင်"
"ရပါတယ်ဗျ..ကျွန်တော့် အကြောင်းကို ဒီလိုဂရုတစိုက်မေးပေးတာပဲ ကျေးဇူးတင်လှပြီ..hyung က တကယ်နွေးထွေးတယ်..ကောင်မလေးသာ ရရင် အဲ့ကောင်မလေးတော့ တော်တော်ကံကောင်းမှာ"
အားတက်သရော ပြောနေသော dongpyo မျက်နှာကို မချင့်မရဲစိုက်ကြည့်ရင်း seungwoo စိတ်ထဲမှ ပြောနေမိသည်။
"မင်းကိုဒီထပ်ပိုပြီး ဖြည့်ဆည်းပေးခွင့်ရခဲ့ရင်လည်း ငါ့အတွက် တော်တော်ကံကောင်းနေပါပြီ"
SeungWoo က ပြုံးသာ ကြည့်နေသဖြင့် dongpyo နေရခက်လာကာ သူများ စကားမှားသွားပြီလား ဟူသော အတွေးဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။