Part 13

215 23 5
                                    

#Zawgyi(Unicode Under👇)

Shootingရောက်သော်

Soehee : ငါနဲ့ dongpyo က hyung line တွေကို ကြည့်ပေးလိုက်မယ်..wooseik နဲ့ sunhwa က maknae line ကို ကြည့်ပေးလိုက်

"Nae"

Dongpyo နဲ့ Soe hee တို့ အဝတ်ထုပ်များကို ဖြည်ချကာ တနေရာတွင် စုပုံနေသည်။CF က တခုတည်း ဖြစ်သော်လည်း အဝတ်အစားများက တစုံတည်းမဟုတ်။ ၃ စုံလောက် လဲဝတ်ရမှာ ဖြစ်သည်။ Subway ကြော်ငြာ ဖြစ်သဖြင့် အဝါနဲ့ အစိမ်း ရောသော အကျီင်္များကိုတော့ member များအားလုံး ၁ခေါက်ဝတ်ရမည်ဖြစ်သည်။

Subway မှ ဝန်ထမ်းများက Dongpyo တို့ staff များအတွက်ပါ မုန့်တွေ လိုက်ဝေနေသည်။ ပေါင်မုန့်တအားကြိုက်တတ်သော dongpyo မှာ မျက်လုံးအရောင်များ တောက်လာကာ စောင့်နေသည်။လာချ၍ စားမည်ပြုစဉ်
Soe Hee မှ

"Yaaa..Son Dong Pyo..ငါမနက်စာ မစားရသေးဘူး..နင့်ဟာတဝက်လောက်ပေး"

Dongpyo ကြောက်ရသဖြင့် တဝက်တွေဘာတွေလုပ်မနေတော့ပဲ တခုလုံးပေးကာ အအေးဘူးလှမ်းကိုင်လိုက်တော့
"ဟဲ့..နင်ကလည်း ပေါင်မုန့်တခုလုံးပေးမှတော့ အအေးပါပေးလိုက်တော့လေ..."

"ဗျာ...ဟုတ်.. ယူလိုက်နော်"

Dongpyo သက်ပြင်းတချက်ချကာ ရိုက်ကွင်းဘက် ထွက်လာခဲ့သည်။Hyung line က pose ပေးနေကြသည်မှာ အဆင်ပြေသော်လည်း..အငယ်လေးတချို့ကတော့ မပြေ..ကလေးတွေမို့ တည်တည်ငြိမ်ငြိမ် pose ပေးရမယ်ဆို မလုပ်တတ်ကြတော့....။
Dongpyoပြုံးကြည့်နေရင်း member တွေထဲမှ သူစိတ်ထဲ ကြည့်အကောင်းဆုံးသူကို ရွေးနေမိသည်။ကလေးတွေကို ခဏဖယ်ကာ
hyung lineကို စိမ်ပြေနပြေ ကြည့်ကာ ရွေးတော့သည်။

ပထမဆုံး..SeungWoo hyung..pose ပေးနေပုံမှာ အဆင်ပြေလွန်းလှသည်။ Camera man မှ တချက်တောင်သင်ပေးစရာမလို။ Seungyoun hyung လည်း တော်သည်။သူ့ဘာသူ pose တွေ တမျိုးပြီး တမျိုးပေးသွားသည်။ဒါပေမယ့် ထထပြီး ရုပ်ပြောင်နေတာကတော့ ရှိုးပဲ့သည်။Hangyul နဲ့ Yohan လည်း တူတူပဲ..အင်း..Wooseok Hyung..Wooseok Hyung ကတော့ မဆိုးလှ။ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်စရာရှိတာ
လုပ်နေတာ...အပြင်မှာရော အလုပ်မှာရောလည်း ငြိမ်သည်။ Visual ကလည်း အပြည့်ပဲ..cute type ရော handsome type ရော ဝင်နေတာ....။ကြည့်ရင်းကြည့်ရင်း dongpyo မျက်စိထဲ အဖက်ဖက်မှအံဝင်ခွင်ကျနေသောကြောင့် wooseok ကို ရွေးလိုက်သည်။တယောက်တည်း အတွေးများနေတုန်း Soe hee မှ ခေါ်သဖြင့်
အပြေးသွားလိုက်ရသည်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeWhere stories live. Discover now