#Zawgyi
#တစ်နှစ်ခန့်ကြာသော်....
SeungWoo အိပ်ရာမှ နိုးလာသော်လည်း မထချင်သေးသဖြင့် အပျင်းကြောဆန့်ကာ ပြန်အိပ်နေသည်။ ကျင့်သားရနေသော လက်များက ဘေးရှိ Dongpyo ကို ဖက်ရန် လိုက်စမ်းနေမိသည်။ သေးသေးကွေးကွေး ခန္ဓာကိုယ်လုံးလုံးလေးကို စမ်းမိတာနဲ့ ရင်ခွင်ထဲ ဆွဲသွင်းပစ်ရန် ရည်ရွယ်ထားသော်လည်း အိပ်ရာခင်း ပြားပြားကြီးကိုသာ စမ်းမိသဖြင့် မျက်မှောင်ကျုံ့သွားသည်။ မျက်လုံးဖွင့်ကြည့်မိတော့ Dongpyo ရှိမနေ။
အိပ်ရာကနေ မခွာချင်ပါဘူးဆိုမှ Dongpyo မရှိဘူးဆိုတာ သိသိချင်း ဆတ်ခနဲထထိုင်ကာ နာရီကြည့်မိသည်။
"၈ နာရီပဲ ရှိသေးတာကို ဘယ်ရောက်သွားတာလည်း"
SeungWoo ပွစိပွစိ ရေရွတ်နေစဉ်မှာပင် အခန်းတံခါး ဖွင့်သံနှင့်အတူ Dongpyo ဝင်လာသည်။
"Hyunggggggg"
ထုံးစံအတိုင်း ချွဲပျစ်နေသော အသံနဲ့အတူ နှုတ်ခမ်းကြီးထော်ပြီး ကုတင်ပေါ် တက်လာသဖြင့် Seung Woo ပြုံးကြည့်ကာ လက်နှစ်ဖက်ကို ဆန့်တန်းရင်း
" အစောကြီး နိုးပြီး ဘာလုပ်နေတာလဲ"
Dongpyo SeungWoo ပေါင်ပေါ်တက်သွားကာ ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ဖက်ထားလိုက်ရင်း
"မနက်စာ..ငါ့ ကလေးလေးအတွက် မနက်စာ"
"ဟမ်...? "
Seung Woo နားမလည်..
"Hyung ကို ဘယ်လိုခေါ်လိုက်တယ်?"
Dongpyo ပြုံးစိစိနဲ့ ဆက်ပြောသည်။
"ကလေးလေး လေ..ကျွန်တော့်ကလေးလေး"
Seung Woo သဘောပေါက်သွားပြီး ကြည်ကြည်နူးနူးပြုံးကာ Dongpyo နဖူးကို အသာတိုက်လိုက်ရင်း
"မနက်စာလုပ်ထားတယ်ပေါ့ ထူးထူးဆန်းဆန်း..."
"ဒီနေ့က ထူးထူးဆန်းဆန်းနေ့ပဲလေ....ဟင်..နေပါဦး"
Dongpyo တစ်စုံတစ်ခုကို သတိရသွားကာ Seung Woo ပေါင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
"Hyung....ဒီနေ့ ဘာနေ့လဲ ဆိုတာ မသိဘူးလား"
အမှန်တိုင်း ပြောရရင် Seung Woo မမှတ်မိ ။ Dongpyo စိတ်ဆိုးတော့မှာ သိ၍လည်း မဖြေရဲဘဲ ငြိမ်နေသည်။