Part 14

213 23 2
                                    

#Zawgyi

Manager မှ ထမင်းကျွေးပြီး milk tea ပါ တိုက်လွှတ်လိုက်သဖြင့် dongpyo တို့ အအေးတဘူးဖြင့် ကော့ကော့ ကော့ကော့ ပြန်ရောက်လာသည်။
Seungwoo မှာ Dongpyo ပြန်အလာကိုသာ မျှော်နေသော်လည်း ဘာလို့မှန်းမသိ။ မြင်ရတော့လည်းစိတ်ထဲ အီလည်လည်ကြီး ဖြစ်နေသည်မို့ လှမ်းမခေါ်တော့ဘဲ shooting ထဲကို သာ အာရုံစိုက်ထားလိုက်သည်။

မီးထိုး၊မှန်ထိုးများ ဝန်းရံထားသည့်ကြားထဲမှ
အထာကျလွန်းစွာ pose ပေးနေသော seungwoo hyungကို member များနှင့်အတူ staff များပါ သဘောကျစွာ ငေးကြည့်နေကြသည်။

"ငါလည်း အဲ့လို အထာကျကျ လုပ်ရမယ်"

Seungyoun မှ ငေးမောရင်း ပြောလိုက်သည်။

"Hyung က အခွက်ကြီးတည်လိုက်ရင်ကို ဖြစ်ပါပြီ"

Hangyul စကားကို dongpyo မရယ်ဘဲ မနေနိုင်။ တခွိခွိ ထရယ်သည်။ရယ်နေရင်းရုတ်တရက် shooting ဘက်ကြည့်မိလိုက်တော့ မိမိဘက်ကို လှည့်ကာ ပြုံးနေသည့် seungwoo hyung။ Dongpyo ကိုယ့်ကို ရယ်ပြတယ်အထင်နှင့်ပြန်ရယ်ပြလိုက်သည်။သို့သော် seungwoo hyung က နောက်တဖက်ကိုလှည့်သွားကာ ပြုံးနေပြန်သည်။ သူ့လားရာကို ကြည့်လိုက်တော့ ကင်မရာသမား။..သေစမ်း...သူ့ဘာသူ pose ပေးနေတာကိုး။

ဘယ်သူမှ မသိလိုက်သော်လည်း dongpyo ရှက်သွားကာ လက်သည်းကိုက်ရင်း ငြိမ်နေသည်။ခဏကြာတော့ shooting ပြီးသွားတော့ seungwoo ဆီ အပြေးသွားကာ ပြောလိုက်သည်။

"Hyung...pose တွေ အရမ်းမိုက်တာပဲ..ကျွန်တော်တို့အားလုံး သဘောကျနေတာ hyung ကို..ကျွန်တော်တို့က ထားပါတော့..အခုမှ မြင်ဖူးတာကိုး..ဒါမျိုးရှုတင်တွေ..
ကျန်တဲ့ hyung တွေက အမြဲ မြင်ဖူးနေလည်း ကျွန်တော်တို့လိုပဲ ငေးနေတာ..ခွီးးး"

Dongpyo က အားရပါးရပြောနေသော်လည်း Seungwoo က ထုံးစံအတိုင်း ပြုံးရုံပြုံးကာ ခေါင်းငုံ့နေသည်။လက်ထဲမှ အနွေးထည်ကို ခေါက်မလိုလိုနှင့် လုံးချေနေသဖြင့်လည်း dongpyo ကြောင်ကြည့်နေသည်။ Hyung ကဘာဖြစ်နေတာလည်းမသိဘူး..စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ။

Dongpyo တွေးနေရင်း..

"ကျွန်တော် ခေါက်ပေးမယ် ပေး"

Dongpyo ဆွဲယူကာ ခေါက်ပေးနေရင်း သူ့စကားကို အဖက်ပြန်မလုပ်သေးသောကြောင့် နောက်တခေါက် ထပ်ပြောလိုက်သည်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeTahanan ng mga kuwento. Tumuklas ngayon