( အရှေ့က အပိုင်း မေ့သွားရင် ပြန်ဖတ်နော်..ဒီအပိုင်းက အဆက်အစပ်မရှိရင် မကောင်းဘူး 🙈😝)
#Zawgyi
Dongpyo အိပ်နေရာမှ နိုးလာသည်။ မျက်လုံးနှစ်လုံးက မဖွင့်ရသေး။ လူးလွန့်ကာ အသိစိတ်ရှိတဝက်၊မရှိတဝက် ဖြစ်နေတုန်း။
အင်း အီ အဲ နှင့် ညည်းညူကာ ထမည်အလုပ် လူက နူးညံ့သော အိပ်ရာကြီးပေါ် ပြန်ကျသွားသည် ။ ဟင်...အိပ်ရာလည်း မဟုတ်ဖူး Seungwoo hyung ရင်ခွင်ကြီး။
ခါးနားတစ်ဝိုက်ကို တင်းကျပ်စွာဖက်ထားသော လက်အစုံကြောင့် လူက လှုပ်မရဖြစ်ကာ ပြန်ပြုတ်ကျသွားခြင်းဖြစ်သည်။Dongpyo အသာ ပြန်လှဲနေရင်း Seungwoo အိပ်နေတာကို ငေးကြည့်မိသည်။ ဖြောင့်စင်းချွန်ငြိနေသော နှာတံလေးက ဖျစ်ညှစ်ပစ်ချင်စရာ။
တွေးနေရင်း လက်က အလိုလို နှာခေါင်းလေးဆီရောက်သွားကာ အသာလေး တို့ထိကြည့်မိသည်။
"Hyung က ယောကျာ်းပီသရဲ့လား"
"အမယ်လေးးးး!!!"
ရုတ်တရက်ဆိုသလို မျက်လုံးများဖျတ်ခနဲ ပွင့်လာပြီး ပြီတီတီနဲ့ စိုက်ကြည့်ကာ မေးနေသောကြောင့် Dongpyo ရှက်လည်းရှက်၊ လန့်လည်း လန့်သွားကာ ထပြေးဖို့ ပြင်သည်။ သို့သော် အစတည်းက ထမရအောင် ဖက်ထားသောလက်များက Dongpyo ခန္ဓာကိုယ်လေးကို ဆွဲပွေ့ကာ ရင်ခွင်ကျယ်ကြီးထဲ ထည့်လိုက်ပြန်သည်။
"ဘယ်ပြေးမလို့လဲ...နေပါအုံး..."
"မပြေးပါဘူး....မျက်နှာချင်းမဆိုင်ချင်လို့"
"ဟောဗျာ...ဘာလို့တုန်း"
"ညက အနိုင်ကျင့်တယ်လေ...ဇွတ်ပဲ...မူးရင်လည်း ကွကိုယ် မအိပ်ဘူး....အမူးပါးကြီး..."
နှုတ်ခမ်းလေးထော်ကာ မျက်မှောင်လေးကျုံ့ပြီး ပွစိပွစိ ဖြင့်ပြောနေသော ကလေးလေးကို Seungwoo မြတ်နိုးစွာ စိုက်ကြည့်ကာ နဖူးလေးကို နမ်းမိသည်။
"အနိုင်မကျင့်ရပါဘူး...ကလေးက အရမ်းချစ်ဖို့ကောင်းနေတာ ဘယ့်နှယ်လုပ်မလဲ..."
"ကျွန်တော်က အစတည်းက ချစ်ဖို့ကောင်းတာပဲဟာ...ခင်ဗျားဘာသာ နှာဘူးထနေတာ"
Seungwoo သဘောကျစွာ ပြုံးလိုက်ရင်း
"ခုနက သူများအိပ်နေတုန်း ခိုးကြည့်နေတဲ့ ကောင်လေးက ဘယ်သူပါလိမ့်"