Part 20

217 25 8
                                    

#Zawgyi

"ကဲ..Valentine Day ဆိုတော့ kit kat တွေ တယောက် ၅ခုစီပေးမယ်..လာလာ တန်းစီ"

Seungyoun က အရွှန်းဖောက်ကာ နောက်လိုက်သော်လည်း member များအားလုံးပြုံလာကာ တန်းစီနေကြသဖြင့်
seungyoun ထရယ်တော့သည်။

"ဟားဟားဟား..ငါမပေးရင် ချောကလက်မရတော့မယ့်လူတွေ ဆိုတော့လည်း "

Seungyoun kitkat များကို ဘူးလိုက်မလာကာ တယောက် ၅ ခုစီ ထည့်ပေးနေသည်။staff များကိုလည်း သတိရသွားသောကြောင့်

"လာယူကြလေ...မင်းတို့လည်း"

"ဟီးဟီး"

Soehee နဲ့ sunhwa တို့မှာ လာယူဆိုတာနဲ့ ပြေးလာကြယူသော်လည်း dongpyo ကတော့ ခပ်လှမ်းလှမ်းကနေသာ ပြုံးကြည့်ရင်း အဝတ်များခေါက်ထည့်နေသည်။ညကျရင် member တယောက် soloရှုတင်ရှိတယ် ပြောထား၍။

Dongpyo အလုပ်ပြီးသွားတော့ အခန်းထဲဝင်သွားသည်။ Minhee နဲ့ eunsang တို့ dongpyo ဆီလိုက်သွားကာ

"Hyung...."

"အေး..ပြော...ဘာလုပ်ပေးရမလည်း"

"ဟုတ်ဖူး...hyung အတွက် kitkat လာပေးတာ...ဒါက seungyoun hyung ပေးခိုင်းလိုက်တာ..ဒါက wooseok hyung ပေးတဲ့ ဘဲရုပ်..ခွီး...hyung နဲ့ တရုပ်တည်းပဲ..ဒါက hangyul hyung နဲ့ yohan hyung ပေးလိုက်တဲ့ ချောကလက်တွေနဲ့ ပင်ဂွင်းရုပ်....ဒီအရုပ်က hyung နဲ့ပိုတူတယ်နော် ဟားဟား....ဒါက dohyun လေးပေးလိုက်တဲ့ valentine card..သူတို့ကျောင်းမှာလုပ်ရင်းနဲ့ hyung အတွက် ပိုလုပ်လာတာတဲ့.."

Member များစုပေးလိုက်သော လက်ဆောင်များကို dongpyo အံ့ဩတကြီးယူကာ ပျော်ရွှင်သွားသည်။

"wow...အများကြီးပဲ...ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ်..staff တွေကို member တွေက အရမ်းဂရုစိုက်တာပဲ"

Minhee ရယ်လိုက်ရင်း

"ဘယ်က staff တွေကို ဂရုစိုက်ရမှာလည်း..ဘယ်သူ့ကိုမှ မပေးဖူး..ကျွန်တော်တို့ manager ကိုတောင် မပေးဘူး...hyung က တအားချစ်ဖို့ကောင်းလို့ ကျွန်တော်တို့အချင်းချင်း ပေးကြရင်းhyung ကိုပါ သတိရသွားလို့.."
တအားသဘောကျနေသော dongpyo တယောက် ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။

"woah...woah...ပျော်လိုက်တာ...ဒီလိုတွေ မပေးကြလည်း ဖြစ်ပါတယ်..hehe"

"ရပါတယ်ဗျာ..ဒါဆို ကျွန်တော်တို့ကျောင်းသွားတော့မယ်...hyung ပိစိလေး..happy valentine !"

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeOnde histórias criam vida. Descubra agora