#Zawgyi
Seungwoo ယိုင်ကျသွားသောကြောင့် ကုတင်ကို လက်ဖြင့်ထောက်ကာ ထလာရင်း
dongpyo ဘေးတွင်ဝင်လှဲအိပ်လိုက်သည်။အိပ်နေသော dongpyo ၏ ပုံစံမှာ ချစ်စရာကောင်းလွန်းလှသည်။ နှုတ်ခမ်းထူထူထော်ထော်လေးမှာ အိပ်နေချိန်တွင် ဘာတွေအလိုမကျနေလည်း မသိ။ စူထွက်နေကာ မျက်ခုံး၂ ဖက်ကလည်း တွန့်ချိုးထားသေးသည်။ Seungwoo မျက်ခုံးတွန့်တွန့်လေးတွေကို လက်ညိုးဖြင့် ဖွဖွလေး ထိလိုက်တော့ တချက်လှုပ်ကာ Seungwoo နှင့် မျက်နှာချင်းဆိုင်ဘက်ကို ဘေးစောင်းအိပ်လာသည်။ နှုတ်ခမ်းကတော့ ထော်ထားတုန်း။
Seungwoo ကြည့်ရင်း ကြည့်ရင်း အူယားလာသဖြင့် အိပ်နေမှန်းသိသော်လည်း နှုတ်ခမ်းထော်ထော်လေးကို အသာစုတ်ယူနမ်းရှိုက်နေလိုက်သည်။
"အ...အ...အွန်းး..."
ရှည်ကြာသော အနမ်းတို့ကြောင့် dongpyo လူးလွန့်ကာနိုးလာတော့သည်။မျက်လုံးဖွင့်ဖွင့်ချင်း နီးကပ်လွန်းသော Seungwoo မျက်နှာကြောင့် လန့်သွားကာ တွန်းထုတ်သော်လည်း Seungwoo ဂရုမစိုက်။ခန္ဓာကိုယ်လေးကိုရင်ခွင်အောက်ပို့လိုက်ကာ တွန်းထုတ်နေသောလက်များကို ဖမ်းဆွဲထားပြီး အနမ်းရှည်ရှည်တို့ကို ဖန်တီးနေသည်။
အတန်ကြာမှ လွှတ်ပေးလိုက်တော့ dongpyo အသက်ရှုရ ကျပ်သလိုဖြင့် ပါးစပ်ကိုဖွင့်ကာ ဟစိဟစိဖြင့် အသက်ရှုနေသည်။ Seungwoo စိုက်ကြည့်ရင်း အူယားလာသဖြင့် ဗိုက်လုံးလုံးပူပူလေးကို ဖွဖွလေးကိုက်တော့ dongpyoထအော်တော့သည်။
"အ...ဘာဖြစ်နေတာလဲ..ခင်ဗျား"
ထထိုင်လိုက်သော dongpyo ခန္ဓာကိုယ်လေးကို Seungwoo သိမ်းကြုံးဖက်ကာ dongpyo ရင်ခွင်ထဲတွင် ခေါင်းမှီထားသည်။
"ဘာမှဖြစ်ဘူး...ချစ်တယ် အရမ်းးး.."
"ခွေးလား...သူများဗိုက်ကို ကိုက်နေရအောင်"
"ကလေးကို ဗိုက်ပဲ ကိုက်ချင်တာမဟုတ်ဘူး...တကိုယ်လုံး ကိုက်ပစ်ချင်တာ..ကိုယ်တော့ ခွေးအကြီးစားကြီး ဖြစ်နေပြီထင်တယ်"
Seungwoo dongpyo ရင်ခွင်ထဲကနေ မော့ကြည့်ပြီး ပြောလိုက်တော့ မျက်နှာ၂ခုက နီးကပ်သွားသည်။