#Zawgyi
Dongpyo ရေချိုးပြီးထွက်လာတော့ SeungWoo ခေါက်ဆွဲပြုတ်ပြီးနေပြီ။ Dongpyo စားရန်ဝင်ထိုင်လိုက်ပြီး အစားအသောက်ကိုသာ အာရုံစိုက်နေမိတော့ တခြားလူတွေ သူ့ကို ငေးကြည့်နေကြမှန်း မသိလိုက်။ ခဏနေမှ သတိဝင်လာလို့ ကြည့်လိုက်တော့ Member များက အဆင်ပြေရဲ့လားဆိုသော မျက်လုံးမျိုးတွေနှင့် ကြည့်နေတာကို ကြုံရသည်။
"Hyung တို့ရော မင်းတို့ရော ဘာဖြစ်နေတာလည်း..Dohyun ကအစ ပြူးကြည့်နေတယ် ဟားဟား..SeungWoo Hyung လုပ်ပါအုံး ။ ကျွန်တော်အဆင်ပြေတယ်ဆိုတာ ပြောပြလိုက်ပါအုံး။ ကျွန်တော်ပြောနေရင် မယုံကြမှာ စိုးလို့"
"ဟုတ်တယ်။ သူအဆင်ပြေသွားပါပြီ ။ စိတ်မပူကြနဲ့တော့"
"Dongpyo..နောက်ဆို တစ်ယောက်တည်း မနေခဲ့နဲ့နော်။ ဟုတ်ပြီလား"
Yohan အပြောကို Dongpyo ပလုပ်ပလောင်းစားရင်း ခေါင်းငြိမ့်ပြသည်။ SeungWoo ကတော့ Manager အလာကိုစောင့်နေသည်။ ဟိုမိန်းမကို အရေးယူရန် ပြောထားသည်လေ။
"Hyungက မစားဘူးလား"
Dongpyo ဝမ်းမီး အတော်အတန်ငြိမ်းသွားတော့မှ SeungWoo ဘာမှမစားသေးတာကို သတိရကာ မေးမိသည်။
"စားလည်း မဝင်ဘူး။ ငါ ဟိုမိန်းမကို စိတ်တိုနေတုန်း။ ကလေးကို စိတ်ပူနေတာနဲ့ သူ့ကို ပြောချင်တာတွေ မပြောလိုက်ရဘူး"
"ဩော်..တော်ပါတော့လို့ဆို"
"မတော်နိုင်ပါဘူး။ ဘာလို့ လေအေးလာတိုက်နေတာလည်း ။ ဟမ်"
"မဟုတ်ပါဖူး..အဲ့လိုလည်း..။သူလည်း သဝန်တိုလို့ လုပ်မိရာတွေ လုပ်နေတာဆိုတော့။ ခွင့်လွှတ်တာမျိုး မဟုတ်ပေမယ့် ဒီတိုင်း ထားလိုက်ပါတော့ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း မမြင်ချင် မပတ်သက်ချင်သလို Hyung ကိုလည်း အေးဆေးနေစေချင်တာတော့ အမှန်ပဲ။ သူက ကျွန်တော်တို့ ဒီလိုပူလောင်နေရဖို့ မထိုက်တန်တဲ့သူပဲလေ မဟုတ်လား။"
"မသိဘူး လျှာမရှည်နဲ့။ နောက်တစ်ခါ ထပ်ပြောရင်တော့နော်"
"အောင်မာ ထပ်ပြောတော့ ဘာဖြစ်လဲ...ပြော..ပြော..
ပြောကြည့်လိုက်လေ"