Part 4

235 26 0
                                    

Zawgyi(Unicode Under👇👇)

Dongpyo ပန်းကန်ဆေးနေစဉ် နောက်မှ ခြေသံကြားတော့ လှည့်ကြည့်လိုက်တော့ Seungwoo ။

"Hyung..ဘာလိုချင်လို့လည်းဟင်"

"မဟုတ်ဘူး ရတယ် ရတယ် လုပ်စရာရှိတာဆက်လုပ်..ဗိုက်ဆာလို့ ခေါက်ဆွဲလာပြုတ်တာ~"

"ကျွန်တော်ပြုတ်ပေးရမလား"

"နေနေ~ရတယ် ပန်းကန်မြန်မြန်ဆေးပြီး အကျီသွားလဲလိုက်~ရာသီဥတုအေးနေတော့ အအေးပတ်မယ်"

"Nae"

Dongpyo တဖက်လှည့်သွားတော့ Seungwoo က ခေါက်ဆွဲ ကြက်အူချောင်းနှင့်ကြက်ဥများ ယူကာ ခေါက်ဆွဲပြုတ်ရန် ပြင်နေသည်။

"မင်းရော စားအုံးမလား"

"အာ~~မဟုတ်တာ ကျွန်တော်ကပါ တူတူစားလို့ဘယ်ဖြစ်မလည်း..Soe hee noona က hyung တို့နဲ့ တူတူမစားရဘူး မှာထားတယ်"

"ဘာလို့လည်း? ရတယ်~လာစား hyung ကတော့ ခွင့်ပြုတယ်။ခုလည်း မင်း noona မှမရှိတာ..တူတူစားလိုက် ဟုတ်ပြီလား"

Dongpyo ထပ်မငြင်းရဲတော့တာကြောင့် အသာခေါင်းငြိမ့်ကာ ပန်းကန်ဆက်ဆေးနေလိုက်သည်။

ခဏကြာတော့..

"wooah..စားလို့ရပြီ မွှေးနေတာပဲ..dongpyo ဒီကိုလာခဲ့"

Dongpyo ဆေးလက်စ ပန်းကန်များကိုလက်စသတ်ကာ မဝံ့မရဲနှင့် အနားမှာ သွားရပ်နေသည်။

Seungwoo အသာ ပြုံးကြည့်လိုက်ရင်း လက်ကိုဆွဲကာ ထိုင်စေလိုက်သည်။

"အေးဆေးစား..များများစား..hyung က သိပ်အများကြီး စားလေ့မရှိဘူး"

Dongpyo ခေါင်းငြိမ့်ပြီး ပြုံးပြကာ ဟန်မဆောင်ဘဲ အားပါးတရ စားနေတော့ seungwoo ကြည်နူးစွာ ပြုံးကြည့်နေမိသည်။ကလေးတွေက အပြစ်ကင်းလိုက်တာ~~

"Dongpyo က ခေါက်ဆွဲပြုတ်ကို ကြက်ဥနဲ့ကြက်အူချောင်းနဲ့ ဘယ်ဟာထည့်ပြုတ်စားရတာ ပိုကြိုက်လည်း"

"ကြက်အူချောင်း~အသားဆို အကုန်ကြိုက်တယ် "

Seungwoo သဘောကျစွာ ရယ်မောလိုက်သည်။

"ပန်းကန်တွေထားလိုက်~hyung ဘာသာ ဆေးမယ်~ခေါက်ဆွဲက ကိုယ်ပြုတ်တာဆိုတော့"

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeDonde viven las historias. Descúbrelo ahora