#Zawgyi
ဒီနေ့လာမယ်ပြောသွားပြီး တစ်နေကုန်သွားသော်လည်း ပေါ်မလာသေးသော အင်ယောင်းကြောင့် Seungwoo ပူနေသော စိတ်တို့ အတော်အတန် လျော့သွားရသည်။
မနက်ဖြန်က Magazine Shooting မို့ သူတို့ တစ်ဖွဲ့လုံး Dorm မှာရှိမည်မဟုတ်။
Dongpyo ကိုရော ခေါ်သွားရကောင်းမလား။ Umm
.Manager ကို ကြိုးစားပြောကြည့်ပြီး ခေါ်သွားရမယ်။Seungwoo တစ်ယောက်တည်း အတွေးတွေများနေကာ မအိပ်နိုင်။ အချိန်ကား မနက် ၁ နာရီထိုးနေပြီ။ အိပ်ရာထဲတွင်တော့ Dongpyo တို့က စောင်ပုံထဲတွင် နစ်မြုပ်ကာ အိပ်မောကျနေသည်။
Seungwoo Dongpyo ဆီအကြည့်ရောက်သွားကာ ကြည့်နေရင်း ကြည့်နေရင်း တခြားတွေးနေသော ကိစ္စများပါ မေ့သွားသည်။ Dongpyo က ဘာလို့ တရားလွန် ချစ်ဖို့ကောင်းနေရတာလဲ။ဘာလို့ အပြစ်ပြောစရာမရှိလောက်အောင် ချစ်ဖို့ကောင်းလွန်းနေရတာတဲ့လဲ...နေ့တိုင်းမြင်နေရလည်း ရိုးမသွားတဲ့အပြင် ဒီလိုလေး မတော်တဆကြည့်မိတာတောင် အကြည့်က ခွာလို့မရတော့။ မခွာချင်တော့။ ကြာရင်တော့ ခက်ပါပြီ။
Seungwoo သူ့အတွေးသူပြန်စဉ်းစားကာ သဘောတကျ ပြုံးမိရင်း ကုတင်ပေါ်တက်သွားလိုက်သည်။ ခေါင်းအုံးပေါ်တွင် ရှိနေသော Dongpyo ခေါင်းလေးကို အသာအယာဆွဲမကာ လက်မောင်းပေါ်တင်လိုက်တော့ ကျင့်သားရနေသော Dongpyo က ရင်ခွင်ထဲထိ တိုးဝင်လာကာ သူ့ရင်ဘတ်ကြီးပေါ်တွင် ခေါင်းတင်ပြီး အိပ်နေသည်။ ဒါ Dongpyo လုပ်နေကျ။
တစ်ရေးနိုးရင်တော့ ရောက်ချင်တဲ့နေရာ ရောက်နေပေမယ့်လည်း....။××××××××××××××××××××××××××
@ Shooting Day
"Hyung""အေး။ SeungWoo ပြောလေ"
"Dongpyo ကိုလည်း ခေါ်လာလို့ရမလား။ အိမ်မှာ ကလေးက တစ်ယောက်တည်း ကျန်နေရင် ပျင်းနေတော့မှာ"
"Ahhh..ဒီနေ့က ဂိုဒေါင်ပျက်တစ်ခုထဲမှာ ရိုက်မှာကွ..."
"ဟင်..ဒါဆို မလိုက်ဖူး..မှောင်မဲနေမှာမလား..ကျွန်တော်မကြိုက်ဖူး"
Dongpyo တို့ အိပ်မှုန်စုံမွှားနှင့် ဘယ်တည်းက ထလာသည်မသိ။ အကျီပခုံးစွန်းတစ်ဖက်က လက်မောင်းအလယ်လောက်ထိ လျောကျနေသေးသဖြင့် Seungwoo ရယ်ချင်စိတ်ဖြင့် ဆွဲတင်ပေးရပြန်သည်။