#Zawgyi
"Dongpyo...Son Dong Pyo"
"Wae...wae...waee...waeeeeeee"
Yohan က Dongpyo မကြားဖူးအထင်နဲ့ ၂ခါလောက်ခေါ်မိတာကို ပြန်အော်နေတာ ကက်ကက်ကိုလန်နေတာပဲ။
"ငါက မင်းမကြားဘူး ထင်လို့လေကွာ..စွာလိုက်တာ"
"honn...ဘာလဲ..ဘာလို့ခေါ်တာလဲ"
Dongpyo တယောက် Seungwoo ပေါင်ပေါ်တွင် အခန့်သားထိုင်နေရင်း ပါးစပ်ကလဲ lolipop စုပ်နေကာ ဖုန်းပွတ်လိုက် yohan ကို ပြန်အော်လိုက် လုပ်နေသည်။ ဝါသနာအရသာ စွာနေခြင်းဖြစ်သော်လည်း တကယ်က အာရုံက Yohan ဆီမှာမရှိ။ Online Shopping တစ်ခုက ဖုန်း cover တစ်ခုကို စိတ်ဝင်တစားကြည့်နေမိသည်။
"သခွားမွှေးသီးစားမလားလို့ မင်းအတွက်ပါ ထည့်လှီးမလို့လေ"
"မသိဘူး..စားချင်စိတ်ပေါ်လာရင် စားမယ် ထည့်လှီးလိုက်"
"ဟ...ရင့်လှချည်လား"
"waeyo..ရင့်တော့ ဘာဖြစ်လဲ...blah ....blah"
Seungwoo tv ကြည့်နေရင်း Dongpyo ခေါင်းလေးကို လှမ်းပွတ်ကာ ရယ်နေသည်။
Yohan က Dongpyo မမြင်အောင် Seungwoo ကို မျက်လုံးပြူးပြသော်လည်း Seungwoo က မျက်စိတဖက် ပြန်မှိတ်ပြသည်။ သဘောက လွှတ်ထားလိုက်ပေါ့လေ...ဟင်းးး။Yohan ရယ်မောရင်း ဖုန်းထဲနစ်ဝင်တော့မည့် Dongpyo ခေါင်းအား ဆွဲမော့ကာ သခွားမွှေးသီး အစိတ်ကြီးကြီးကို ထိုးထည့်လိုက်သည်။
"အွတ်...အု..ဟု....အု"
ရုတ်တရက်မို့ နင်ပြီး သီးမလို ဖြစ်သွားသော်လည်း ကူမယ့်လူမရှိ။ Seungwoo ကလဲ tv ကို သာ အာရုံရောက်နေသည်။Yohan က တခွီးခွီးရယ်နေသည်။
Dongpyo စိတ်တိုလာကာ Seungwoo ဗိုက်ကို တံတောင်နဲ့ ထိုးချလိုက်တော့သည်။
"အားးးး...အဲ...Dongpyo.."
Seungwoo ပြာပြာသလဲ အသီးကို ဆွဲထုတ်ပေးကာ ရေအမြန်ခပ်တိုက်လိုက်ရသည်။
"ကလေးကိုကွာ..တအားမစပါနဲ့"
"Hyung ကလေးက စချင်စရာကြီး..အကြောတင်းလေး..စိတ်တိုရင် ပိုရီရတယ်"
"aigoo..ဒီမှာ cover တစ်ခုလှလို့ ကြည့်နေတဲ့ဟာ ဘယ်လိုဖြစ်နေလဲ..Hyung..ဒီဟာလှလား"