Part 17

214 26 6
                                    

#zawgyi

ညနေစာ စားပြီး ဧည့်ခန်းတွင် စုဝေးကာ member များ tvကြည့်နေကြသည်။ ကိုယ့်အခန်းမှာ ကိုယ်ကြည့်ဖြစ်တာရှားသည်။များသော အားဖြင့် schedule ရှိချိန်ကလွဲ၍ member အားလုံး စုံဖို့ခဲယဉ်းတာကြောင့် ဒီလိုချိန်တွေဆို လူစုပြီးနေတာများသည်။
Hangyul ,seungyoun နှင့်maknae တသိုက်သာ စိတ်ဝင်တစားကြည့်နေသည်။Yohanနဲ့ wooseok ကတော့ program ရိုက်ကူးရေးတခုရှိ၍ ညှိစရာရှိသည်များ ညှိရင်း စကားပြောနေကြသည်။SeungWoo ကတော့ youtube ကြည့်နေသည်။

"အသီး..အသီး စားချင်တယ်"

Dohyun ၏စကားအဆုံးတွင် seungyoun မှ kitchen ဘက်လှည့်ကာ

"ဒီကို အသီးပန်းကန်တွေ လာချပေးပါ"

Sunhwa ပြန်မေးလိုက်သည်။

"ဘာအသီးစားမလည်း oppa"

"dohyun..ဘာစားချင်လည်း"

"စတော်ဘယ်ရီ...သခွားမွှေးသီး..ပန်းသီး...
လိမ္မော်သီး..."

Seungyoun ရယ်ရင်း dohyun  ခေါင်းကိုလှမ်းပုတ်ကာ

"ရှိတာအကုန်လုပ်ပေးလိုက်"

"nae...dongpyo...dongpyo...son dongpyo"

"nae...nae..လာပြီ"

Dongpyo ဖုန်စုပ်စက်ကြီးကိုင်ကာ ပြေးလာသည်။သန့်ရှင်းရေးလုပ်နေရင်းထွက်လာသောကြောင့်ဖြစ်သည်။
အလုပ်တော်တော်များများက seungwoo မရှိလျှင် dongpyo ကိုသာ ဖိခိုင်းသည်။Seungwoo ရှိနေရင်တော့ အနားတောင် မကပ်ရဲ။သူတို့ ၃ယောက်လုံးကိုseungwoo မကြည်ကြောင်း ပြန်ကြားထားရ၍ seungwoo ရှိနေလျှင် သူတို့ကချည်း အလုပ်ကြိုးစားပြသည်။ကွယ်ရာတွင်တော့ dongpyo ကသာ dorm အလုပ်...memberများအလုပ် အကုန်လုပ်ရလေသည်။

Dongpyo ကလည်း မလုပ်လျှင် ထိပ်ခေါက်တာ၊ဆူပူကြိမ်းမောင်းတာလောက်ကို ခံနိုင်ရည်ရှိသော်လည်း ခုနောက်ပိုင်း  သုံးယောက်ပေါင်းကာ ဝိုင်းဖယ်ထားကြသည်။
Dongpyo မှာ ထမင်းစားလည်း တယောက်တည်း၊ အလုပ်လုပ်လည်း တယောက်တည်းကြီးလိုဖြစ်နေကာ တခါတလေ သူ့ရှေ့မှာပင် သူ့အကြောင်းပေါ်တင်ပြောလာတာတွေ
ကြောင့် ခံနိုင်ရည်မရှိတော့။အစတည်းက အထီးကျန်သလို အဖယ်ခံရသလိုခံစားချက်ကြီးကို တခြားသူများထက်ကိုပိုကာခံနိုင်ရည်မရှိ။ မိမိအပြစ်မဟုတ်သော်လည်း အမြင်ပြန်ကြည်လို ကြည်ငြား သူတို့မလုပ်ခိုင်းလည်း အလုပ်များကို သိမ်းကြုံးလုပ်နေလေသည်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeTahanan ng mga kuwento. Tumuklas ngayon