Part 10

227 30 2
                                    

#Zawgyi(Unicode Under👇👇👇)

"Naksan Park ကိုသွားဖို့ ရုပ်ဖျက်မယ်သာ ပြောနေတာ..အဲ့နေရာက လူတောင် သိပ်မရှုပ်ဖူးရယ်"

Hangyul ၏ အပြောကို seungyoun မှ ခေါင်းငြိမ့်ထောက်ခံလိုက်ရင်း

"ဟုတ်တယ်...သူက မိသားစုတွေ သူငယ်ချင်းတွေနဲ့ အေးဆေး chill လို့ရတဲ့ park မျိုးလေး..ဒါမယ့် ငါတို့က အုပ်လိုက်ကြီးဆိုတော့ကွာ..နည်းနည်းတော့ သတိထားကြမယ်"

"okay okay"

ထိုစဉ် wooseok ရောက်လာကာ

"ထမင်းဘူးတွေ အဆင်သင့်ဖြစ်ပြီလား..soehee"

Dongpyo မီးဖိုခန်းထဲမှ ပြေးထွက်လာရင်း ဖြေလိုက်သည်။

"nae..hyung..noona လုပ်နေတာ ပြီးတော့မယ်ဗျ..ခဏနေ စထွက်လို့ရပါပြီ"

"ကောင်းပြီ"

SeungWoo ကတော့ ထုံးစံအတိုင်း member များကို မှာစရာရှိတာ မှာလိုက်..ပစ္စည်းတွေ စစ်လိုက်နဲ့ အလုပ်ရှုပ်နေသည်။

"ကဲ စထွက်ကြမယ်..park နားရောက်ရင်တော့ လမ်းစလျှောက်မယ်.."

"naeee...seungwoo hyung"

Park နားရောက်လာကြသော် ကိုယ်စီကိုယ်စီ ကားပေါ်က ဆင်းကြရင်း လမ်းလျှောက်နေကြသည်။Naksan Park သည် Seoul မြို့၏ center ကျသော နေရာတွင် တည်ရှိကာ tourist attraction အရရှိဆုံးနေရာ ဖြစ်သော်လည်း လူများရှုပ်ရှက်ခတ်ကာ ရုပ်ပျက်မနေတတ်ပေ။အမြဲလိုလို ဆိတ်ဆိတ်ငြိမ်ငြိမ်နှင့် သာယာလွန်းလှသည်။
Public area ဖြစ်သော်လည်း အစိုးရက ထောက်ပံ့ပေးထားသော အားကစားပစ္စည်းများရှိသဖြင့် အားကစား လာလုပ်နေသူများလည်းရှိသည်။
SeungWoo တို့တသိုက်ကတော့ အေးအေးလူလူ လမ်းလျှောက်ကာ ထမင်းလည်းစာရင်း နေ့တဝက်လောက် ကုန်ဆုံးချင်၍ လာခဲ့ကြခြင်းသာ။

SeungWoo တယောက်DongPyo ကိုသာ လိုက်ကြည့်နေမိသည်။ နဂိုကမှ ချစ်စရာကောင်းလွန်းပါတယ် ဆိုတာကို ဒီနေ့မှဖစ်တင်တီရှပ်အဖြူအကျပ်
လက်တိုလေးနှင့် မိုးပြာရောင်လွင်လွင် သရီးကွာတာလေးကို ဝတ်ထားသောကြောင့် မျက်စိမခွာချင်လောက်အောင်ကို ချစ်ဖို့ကောင်းနေသည်။ခြေသလုံး သေးသေးဖြူဖြူလေးများက Seungwoo လက်မောင်းလောက်တောင် မရှိ။ထမင်းဘူးများ ထည့်ထားသည့်ခြင်းကြီးကို မနိုင့်တနိုင် လက်၂ဖက်နှင့် ဆွဲမထားရင်း နှုတ်ခမ်းကလည်း ဆူပုပ်နေသည်မှာ အလိုမကျသည်မှန်း သိသာလှသည်။ထုံးစံအတိုင်း သူ့ကို တမင်အနိုင်ကျင့်ကာ ဟိုသုံးယောက်က ဆွဲခိုင်းထားတာကြောင့်ဖြစ်မည်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeWhere stories live. Discover now