Dongpyo ဒီရက်ပိုင်း အတွေးတွေ များနေသည်။ Proposed လုပ်ခံရပြီးနောက်ပိုင်းတည်းက လူက အီလည်လည်ကြီး ဖြစ်နေတာဖြစ်သည်။ အရင်ကဆို တခုခုဆို Seungwoo က အနားမှာ အမြဲတမ်းရှိကာ အရိပ်တကြည့်ကြည့်နေသည်။ မိမိကလည်း ထစ်ခနဲရှိ သွားသွားချွဲသည်။ ပျင်းလျှင်လည်း Seungwoo ဆီသွားနေသည်။
အခုတော့...အခုတော့..Seungwoo ကလည်း dongpyo နေရခက်မည်စိုး၍ အာရုံနောက်မိမည်စိုး၍ အနားသိပ်မလာ။ အဝေးကနေတော့ အမြဲကြည့်နေတတ်သည်။Seungwoo မျက်စိရှေ့ကို dongpyo မရောက်သွားနှင့်။အလွတ်မပေးတမ်း ဘာလုပ်နေလည်း လိုက်လိုက်ကြည့်နေတော့သည်။အလုပ်လုပ်နေလည်း ကြည့်နေသည်။ စကားတော့ မပြော။ လိုအပ်မှသာ ပြောသည်။
ရှေ့ဆက်ပြီး Seungwoo hyung နဲ့ ဘယ်လိုနေသွားရပါ့...ဘယ်လိုမျက်နှာချင်းဆိုင်သွားရပါ့...ခုဆိုဖွင့်ပြောထားပြီးပြီဆိုပြီး Seungwoo ကလည်း သိပ်ဟန်မဆောင်တော့။ ကြည့်သောအကြည့်တွေက အစ..အပြုံးတွေအဆုံး...ဟွန်း...ဘယ်တည်းက ဖွင့်ပြချင်နေလည်းမသိဘူး။
ပေးချင်တဲ့အချိန်ပေးမယ်လို့သာ ပြီးပြီးရော ပြောထားပေမယ့်လည်း တကယ်တမ်းတော့ dongpyo အဖြေပြန်ပေးဖို့စိတ်ကူးမရှိပါ။
Seungwoo ကို သူချစ်သည်။ သံယောဇဉ်လည်းတအားတွယ်သည်။Dorm တခုလုံးတွင် သူအတွယ်တာရဆုံးသူလည်းဖြစ်သည်။ သို့သော် သူ့စိတ်က ခုချိန်မှာ အရောင်တွေပါလား မပါလားကို dongpyo ဝေခွဲမရသေးတာ ခက်သည်။နောက်ပြီး Seungwoo ကိုသူ စိတ်လည်းဆိုးချင်သည်။ သူ့မှာတော့ အဖေလိုအကိုလို ခင်တွယ်လိုက်ရတာ...ခဏခဏလည်း အဖေနဲ့တူတယ်လို့ ပြောပြလိုက်ရတာ...။
ဒါပေမယ့် seungwoo လောက် သူ့ကို ဘယ်သူမှအသေးစိတ်ကျကျ ဂရုမစိုက်ဖူးတာလည်း dongpyo အသိဆုံးပင်။ သူ့အတွက်ဆိုလျှင် တလောကလုံးနဲဆန့်ကျင်ရမယ်ဆိုရင်တောင် သူ့ဘက်မှာပဲ နေမည့်အထိ ချစ်တာကိုလည်း dongpyo သိသည်။ စိတ်ဆိုးချင်နေသမျှတို့သည် Seungwoo ၏ မေတ္တာအောက်တွင် အရည်ပျော်ချင်နေတော့သည်။့ပြီးတော့ ကိုယ်ကသာ အတွေးမများမိလို့ မရိပ်မိတာ...dongpyo ခုမှတွေးကြည့်တော့ dorm တခုလုံး မိမိကလွဲ အကုန်သိနေကြသလိုပင်။ ငါကလည်း တော်တော်တုံးတာပဲ...ဟွန်း။ဒီလိုမှန်းသိ အစတည်းက ဒီလူကြီးနဲ့ တအားမပတ်သက်မိအောင်နေမှာ။ ခုတော့ သူ့သံယောဇဉ်တွေက အရောင်တွေရောထားတယ်ဆိုရင်တောင် dongpyo ရုန်းထွက်ဖို့ရာ ခက်ခဲနေပြီ။