Part 12

208 25 8
                                    

#Zawgyi(Unicode Under👇👇👇)

Dongpyo နိုးလာတော့ ခေါင်းများ တဆစ်ဆစ်ထိုးကိုက်နေသည်မှာ ထလို့ပင်မရ။
တခါမှ မသောက်ဖူးသူကို အများကြီး တိုက်ပလိုက်သော hangyul hyung ၏အပြစ်ပေလား။ဆရာကြီးအထာနှင့် လူရှိန်အောင် တဂွတ်ဂွတ်မော့ခဲ့သော မိမိ၏အပြစ်ပဲလား တော့မသိ။ နားထင်ကို လက်ညိုးလေးနှင့် အသာဖိရင်း ဖြည်းဖြည်းချင်းထလာရသည်။အိပ်မှုန်စုံမွှားနှင့် ရေဘူးမော့သောက်နေရင်း calendar ကို ကြည့်မိတော့ ရေသီးသွားရတော့သည်။ ဒီနေ့ hyung တို့ တဖွဲ့လုံး CF ရှုတင်။

သေစမ်း သေစမ်း son dong pyo...
မင်းတော့ထိပ်ခေါက်ခံရတော့မှာပဲ...

အမြန် သွားတိုက် ရေမိုးချိုးကာ soe hee noona တို့ဆီ ပြေးရသည်။Dongpyo ထင်သည့်အတိုင်းပင်။ တွေ့တာနဲ့ လူကို ဆွဲခေါ်ပြီး ခေါင်းကို ဒေါက်ခနဲ ဒေါက်ခနဲ ၄ ၅ချက်ဆင့်ကာ ခေါက်ချလိုက်သဖြင့် လူမှာ မိုက်ခနဲ  ဖြစ်သွားသည်။မနေ့က အရှိန်နှင့် ပေါင်းကာ ဟန်တောင် မဆောင်နိုင်တော့ဘဲ ခွေကျသွားချင်သော်လည်း ကြိုးစားတောင့်ထားကာ ရပ်နေမိသည်။

"နင့်အိမ် လို သေနေရအောင် နင့်ကို ဒီမှာ သေဖို့ ခေါ်ထားတာလား.."

"မဟုတ်ပါဖူး noona..ကျွန်တော်မှားသွားပါတယ်..ညက သောက်တာ နဲနဲ များသွားလို့"

"မသောက်ဖူးဘဲ နင်းကန်သောက်နေလေ..နည်းတောင်နည်းသေးတယ်..သွား..သွား..Hangyul တို့ အခန်းကို သွားပြီး ကူညီပေးလိုက်..နောက်ကျနေလို့ အလုပ်ရှုပ်နေရတဲ့ကြားထဲ သုံးစားလို့ကို မရဘူး"

"nae..အခုသွားလိုက်မယ်"

Dongpyo ခေါင်းကို လက်နှင့်အသာဖိရင်း hangyul အခန်းထဲဝင်လာသည်။

"ဟားး..ဆရာသမား..တော်တော်ဖြစ်နေပြီ
လား..ရော့..ငါတို့လည်း ပျားရည်သောက်နေရတာ..နည်းနည်းချန်ထားတယ် မင်းအတွက်..မော့လိုက်"

Hangyul ပေးသော ပျားရည်များကို တရှိန်ထိုးမော့ချလိုက်သည်။ခဏကြာသော် အမူးမပြေသေးသော်လည်း နေသာထိုင်သာရှိသွား၍ တော်တော့သည်။

"Hyung..ယူသွားမယ့် အဝတ်အပိုတွေရော"

"အခုနက stylist အမကတော့ ဒီအပုံတွေ အကုန် ကားထဲထည့်သွားမယ်ပြောတယ်"

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeDonde viven las historias. Descúbrelo ahora