Part 25

181 23 9
                                    

"Hyunggggg"

အသံရှည်ကြီးဆွဲခေါ်ကာ စူပုပ်ပုပ်ရုပ်နဲ့ ဝင်လာသော dongpyo။
Seungwoo ပြုံးကာ လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်တော့ ရင်ခွင်ထဲတိုးဝင်ဖက်ထားကာ ပေါင်ပေါ်တက်ထိုင်နေသည်။

"ခရီးသွားရမယ်ဆို"

"အင်းလေ ခု debut ပြီးတော့ စင်ကာပူ ဘက်သွားရမယ်လေ..မင်းတို့ကိုလည်း ခေါ်သွားမှာ"

"အွန်းးးး မလိုက်ချင်ဘူးးးးးး"

Dongpyo က dorm အပြင်ထွက်ရတာမျိုး သိပ်သဘောမကျပေ။ ညည်းညူရင်း Seungwoo ရင်ဘတ်ကို ခေါင်းနဲ့တွန်းတွန်းပြီး ချွဲနေသည်။သူ့ hyung သွားရင်လည်း သူမနေခဲ့ချင်။လိုက်လည်း မလိုက်ချင်။ တခြားသူများအား ဂျစ်လို့မရသဖြင့် seungwoo ဆီမှာ ဂျစ်တိုက်နေခြင်းဖြစ်သည်။

"အာ..မလိုက်လို့ မရဘူး..ဒီကကောင်က လွမ်းနေရမှာ"

Dongpyo ဘာမှပြန်မပြောဘဲ Seungwoo ဗိုက်ကို ဆွဲလိမ်လိုက်သည်။

"အား"

"Hyung ကလည်း မလိုက်ချင်ပါဘူးလို့ဆိုနေ...hyung လွမ်းရမှာစိုးတာနဲ့ပဲ ဒီကလိုက်ရမှာလား"

Seungwoo ဘာတွေအလိုမကျနေမှန်းမသိသော dongpyo ကို ပြုံးကြည့်ရင်း ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြန်သည်။

"Manager က staff တွေ ခေါ်မသွားဘူး ပြောပါတယ်။ Hyung က တမင် ကလေးအတွက် လေယာဉ်လက်မှတ်ကို ဝယ်ပေးထားတာ...မင်းတယောက်ပဲ ခေါ်သွားမှာ....ဒီတိုင်းသာသာယာယာ လိုက်ရုံပဲလေနော်...အလုပ်ပြီးရင် အပြင်လိုက်ပို့မယ်လေကွာ...လျှောက်လည်ကြမယ်လေ....စားချင်တာတွေလည်း အကုန်ဝယ်ကျွေးမှာ.."

Dongpyo နဖူးကို ခေါင်းနဲ့ ဖွဖွလေး တိုက်ရင်း ချော့နေသည်။ ခဏကြာတော့ ငြိမ်ကျသွားသည်။

"ပြီးတာပဲ...ဒါနဲ့"

"အွန်း...ဘာရှိသေးလည်း ပြော"

"album ထဲက hyung pc တွေ အကုန် ကျွန်တော်လိုချင်လို့...အဲ့တာ..."

"ဘာ...ဘာရယ်...ဟား...ဟားး ဟားး  ဟားး"

Seungwoo အူလိုက်သည်းလှိုက်ရယ်မောမိသည်။ သူ့ပုံတွေ အကုန်လိုချင်တယ်ဆိုပဲ။ ဘာစိတ်ကူးပေါက်လို့ပါလိမ့်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeDonde viven las historias. Descúbrelo ahora