Part 7

246 23 4
                                    

#Zawgyi (Unicode under👇👇👇)

"Wooseik hyung..ဖုန်းကိုဘာတွေအဲ့လောက်ပြုံးပြီး
ကြည့်နေတာလည်း"

Hangyul က member တွေအားလုံးအတွက် ခေါက်ဆွဲချက်ပေးမယ် ပြောထား၍ Dongpyo နဲ့ wooseik လိုအပ်သည်များ ပြင်ဆင်ပေးနေသည်။ကြက်အူချောင်းများ ပါးပါးလှီးရင်း လှမ်းမေးလိုက်သော DongPyo ကို wooseik မှ အကြည့်မလွှဲဘဲ ပြန်ဖြေလိုက်သည်။ အာလူးနှင့်ပြောင်းဖူးများ ပြုတ်ရန်ရှိသည်ကို မပြုတ်ဘဲ ဖုန်းဘဲ ကြည့်နေသောကြောင့် dongpyo မေးမိခြင်းဖြစ်သည်။

"Zico ရဲ့ any song challenge ကွ! သီချင်းလေးက မြူးပြီး အဓိပ္ပါယ်ရှိရတဲ့ကြားထဲ challengeလေးပါလုပ်လိုက်တော့ popular လည်းဖြစ်..ပျော်ဖို့လည်း ကောင်းတယ်ကွာ...Hyung ဆို ဘယ်သူတွေများ လုပ်တော့မလည်းဆိုပြီး ရင်ခုန်နေတာ..."

"ဟုတ်လား..ပြ..ကျွန်တော်လည်း ကြည့်ကြည့်မယ်..ခုဘယ်သူတွေ လုပ်ပြီးကြပြီလည်း.."

"cele တော်တော်များများ လုပ်ကြတယ်..snsd က tiffany တို့ရော 2ne1 က Dara,MAmamoo က hwasa,Winner က mino, ChungHa..အများကြီးပဲကွ.."

လှီးနေဆဲ ကြက်အူချောင်းများကို  လက်စသတ်လိုက်ပြီး လက်ကိုဘောင်းဘီနဲ့ကမန်းကတန်းသုတ်ကာ wooseik လက်ထဲမှ ဖုန်းကို ဆွဲယူကြည့်နေသော dongpyo ကို seungwoo ကို ဧည့်ခန်းထဲမှ ပြုံးကြည့်နေမိသည်။
ဒီကလေးလုပ်လိုက်ရင် ရယ်ချင်စရာတွေချည်း...ဘောင်းဘီနဲ့လက်ကိုသုတ်နေတာ တကယ်ညစ်ပတ်အိုးလေး...
ဟော..ဟော..မျက်လုံးတွေကလည်းအရောင်တွေ တောက်လာပြီ...any song ကို သဘောကျတယ်ထင်ပ။ dongpyo မျက်နှာကို မျက်တောင်မခတ်တမ်း ငေးမောရင်း ခန့်မှန်းကြည့်နေသည်။

"woahhh...သီချင်းလေးက တကယ်မိုက်တာနော်...dance လေးကလည်း လိုက်တယ်..ကချင်စရာလေး..ကတတ်ချင်တယ်ဗျာ"

"အေးဆို..ငါတောင် kpop စိတ်မဝင်စားပေမယ့် သူ့ဟာလေးက ပျော်ဖို့ကောင်းတော့ သဘောကျနေတာ.."

Wooseik အပြောကို dongpyo ခေါင်းငြိမ့်ထောက်ခံရင်း

"ကျွန်တော်တို့ X1 က hyung တွေလည်း ကရင်ကောင်းမှာပဲ..hyung line ကရင်လည်း မိမိုက်နေမှာ...အငယ်လေးတွေကရင်လည်း မြူးမြူးလေးနဲ့ ချစ်စရာလေးနေမှာ.."

Seungwoo နားထောင်နေရင်း အသာပြုံးကာ အခန်းထဲဝင်သွားသည်။

ခဏကြာသော် Hangyul နဲ့ yohan ခေါက်ဆွဲထုပ်များပွေ့ပိုက်ကာ ရောက်လာသည်။

အမှတ်တရ​နေ့စွဲများ(Completed)/Zawgyi+UnicodeWhere stories live. Discover now