"Seungwoo...ဒီမှာ မင်းတောင်းထားတဲ့ file"
"Ah..nae.."
Seungwoo ခေါင်းငြိမ့်ကာ Manager Nim လှမ်းပေးသော ဖိုင်တွဲကို လှမ်းယူဖွင့်ကြည့်လိုက်သည်။
"အဲ့မှာတော့ လေးယောက်လုံးရဲ့ CV form တွေပါတယ်။ Dongpyo ကလွဲရင် ကျန်တဲ့၃ယောက်က အချင်းချင်းအရင်ကတည်းက ခင်တယ်။ အလုပ်ရှာဖို့ agency ကိုရောက်ကြတော့မှ dongpyo နဲ့ သူတို့နဲ့စခင်ကြတာ..၃လလောက်ပဲရှိသေးပေမယ့် ဆက်ဆံရေးကောင်း
ကြပါတယ်..အချင်းချင်း""ဩော်..ဟုတ်လား..dongpyo လေးက
အငယ်ဆုံးပေမယ့် သွက်သွက်လေးနဲ့လည်လည်ဝယ်ဝယ်ရှိမယ့်ပုံလေးနော်။ ကျွန်တော်တို့ကိုလည်း အရင်တည်းက သိတယ်ပြောတယ်""ဟုတ်တယ်..အဲ့ကလေးက dancer ဖြစ်ချင်တာ..သူ့ဘာသူတယောက်တည်းရှိနေရင် အကကျင့်နေတတ်တာတဲ့။ ဘဝပေးအခြေအနေအရ ကောင်းကောင်းမပျိုးထောင်ပေးနိုင်တာရယ်..
idol ဖြစ်ဖြစ် dancer ဖြစ်ဖြစ် ဒီလမ်းေ
ကြာင်းပေါ်မှာအောင်မြင်ဖို့ ခက်ခဲတာရယ်
ကြောင့် သူကိုယ်တိုင်ကိုက ဝါသနာရှင်အဆင့်မှာပဲ ရပ်တော့မယ်လို့ ဆုံးဖြတ်ထားတာတဲ့""Ahh..အဲ့လိုကိုး..ဟုတ်ပါပြီ hyung..ကျေးဇူးပါ "
"အေးပါ ..ရတယ်..staff တွေအကြောင်းကို ဂရုတစိုက်နဲ့ စိတ်ဝင်စားပေးမယ်တောင်မထင်ဘူး။ မင်းက သူများတွေကို အရမ်းဂရုစိုက်တတ်တာပဲ"
Seungwoo မအီမလည်ပြန်ပြုံးပြရင်း
"ဒီလိုပါပဲ hyung ..တူတူနေကြမှာပဲဆိုတော့ သိသင့်တာလေးတွေ သိထားရင်ပိုကောင်းမယ်ထင်လို့ပါ"
"အေးပါ..ဒါနဲ့ နက်ဖြန် entertainment ကိုလာရမှာ အားလုံးသိတယ်မလား..member တွေကို တချက်ပြန်သတိပေးလိုက်အုံး..meeting ရှိတယ်"
"ဟုတ်ကဲ့..ပြောလိုက်ပါမယ်"
Manager nim ထွက်သွားတော့ seungwoo ဖိုင်တွဲကိုဖတ်ရင်း သူ့အခန်းထဲပြန်ဝင်လာသည်။dongpyo အကြောင်းတွေ သိချင်မိ၍ manager nim ထံမှ staff များ၏ CV နှင့် အချက်အလက်တချို့ကို တောင်းထားခြင်းဖြစ်သည်။ CV form တွင်ကပ်ထားသော dongpyo ဓာတ်ပုံမှာ ယခုရုပ်နှင့် သိပ်မကွာလှ။ သို့သော် အနည်းငယ်ဝနေသောကြောင့် ပါးများက ဖောင်းကစ်နေတာ နှုတ်ခမ်းထော်ထော်နှင့် ဘဲဝတုတ်တစ်ကောင်ကို ကြည့်နေရသလိုပင်။ Seungwoo ကြည့်ရင်း အူယားလာသဖြင့် ပုံကို လက်ဖြင့် အသာအယာကုတ်လိုက်မိသည်။