Zawgyi #
Yibo's Mar Mar >> သားရေမားတို့သွားပြီထမင်းစားချိန်ရောက်ရင်ရေခဲသေတ္တာထဲမှာဟင်းတွေထည့်ထားတာရှိတယ်နွေးစားလိုက်နော်
...............
ရိုးနေပြီဖြစ်သောမှာတမ်းစာထမင်းစားပွဲပေါ်တွင်နွားနို့တစ်ခွက်ပေါင်မုန့်မီးကင်ပန်းကန်နှင့်အတူတွေ့ရမြဲ
Yibo သိတတ်စအရွယ်မှပင်ယခုအလယ်တန်းစတက်သည့်နှစ်အထိပင်ပါးရောမားပါအလုပ်ပြီးရင်းအလုပ်၊ Yibo တခါတလေပြောချင်သည်တခါတလေပါးရောမားနှင့်ပါအတူမနက်ခင်းထမင်းဝိုင်းစပြီးဖြတ်သန်းရသည့်နေ့မျိုး။ပြောချင်မေပဲ့အလုပ်မှလက်ပန်းကျနေသောပါးနှင့်မားမျက်နှာကိုမြင်တိုင်း Yiboပြောမထွက်ခဲ့။ Yiboမျှော်လင့်သည်မှာကျောင်းပိတ်ရက်နှစ်ကူးရာသီရက်Luoyang မှာနေခဲ့သည့်အချိန်တုန်းကအန်းကုန်းအန်းမတို့ဆီသွားလည်မှသာရနိုင်မည့်စုံညီမိသားစုထမင်းဝိုင်း။
ပေကျင်းကိုပြောင်းလာပြီးနောက်ပိုင်းအလုပ်ပိုရှုပ်လာသောကြောင့်မွေးရပ်မြေဖြစ်သည့် Luoyang ကိုမပြန်ဖြစ်သည်မှာ၃နှစ်ပင်ပြည့်တော့မည်။နှစ်ကူးရုံးပိတ်ရက်နည်းသည့်အပြင်ရထားလက်မှတ်မှာခက်ခဲပြီးလေယာဉ်လက်မှတ်ဈေးကြီးသောကြောင့်ပေကျင်းမှာပင်မိသားစု၃ယောက်တည်းနှစ်ကူးရက်ကိုဖြတ်သန်းခဲ့ရသည်။မူလတန်းနောက်ဆုံးနှစ်ပြီးလျှင်အလယ်တန်းတက်ရတော့မည်။အိမ်မကြာခဏပြောင်းနေရသည့်အတွက် Yibo သူငယ်ချင်းများများစားစားမရှိ။အလယ်တန်းမှာဖြေဆိုသည့်အမှတ်နှင့်ခွဲကာတက်ရသောကျောင်းဖြစ်သည့်အတွက်လူသစ်များနှင့်စုံရပေဦးမည်။
ကျောင်းသစ်စတက်သည့်နေ့မို့ Yiboကိုမားကိုယ်တိုင်ကျောင်းရှေ့လိုက်ပို့ပေးလေသည်။ဤအလယ်တန်းကျောင်းသည်နာမည်ကြီးအထက်တန်းကျောင်းနှင့်တဆက်တည်းဖြစ်ပြီးအထက်တန်းကျောင်းမှအောင်လျှင် Beijing တက္ကသိုလ်ကိုဆက်တက်ရန်အကောင်းဆုံးအခွင့်အလမ်းရှိသည့်ကျောင်းလည်းဖြစ်သည်။ကျောင်းစစတက်သည့်နေ့မှပင်လျှင်အားလုံးကသူငယ်ချင်းကိုယ်စီရပြီဖြစ်သော်လည်းနဂိုတစ်ယောက်တည်းနေတတ်သူ Yibo အဖို့သူငယ်ချင်းတစ်ယောက်ကိုမည်သို့စတင်မိတ်ဖွဲ့ရမည်မသိ။အိမ်တွင်လည်းပါးရောမားပါအလုပ်ရှုပ်နေတတ်သည်မို့မနှောင့်ယှက်ချင်သောကြောင့် Yibo မလိုအပ်လျှင်စကားပြောလေ့မရှိ။ထို့ကြောင့်လည်းလူတစ်ယောက်ကို Yibo လွယ်လွယ်ကူကူမခင်တွယ်တတ်။Yiboအတွက်ခင်တွယ်စရာပြောရလျှင်Lego အရုပ်၊သီချင်းများ၊စကိတ်အားကစားဂိမ်းတို့ပင်ဖြစ်သည်။ကျောင်းတက်ရက်မှာတစ်လပင်ကျော်ပြီဖြစ်သော်လည်း Yibo အတွက်ခင်မင်စရာသူငယ်ချင်းရယ်ဟူ၍ဟုတ်တိပတ်တိမရှိသေး။အနုပညာဘာသာရပ်နှင့်အားကစားဘာသာရပ်ကိုလည်းမရွေးရသေး။လကုန်မှအသင်းမ၀င်လျှင်အမှတ်လျော့ခံရမည်ဖြစ်သောကြောင့် Yibo တစ်ယောက်အသင်းရွေးရန်အနုပညာအသင်းဘက်သို့အရင်လျှောက်လာလေသည်။တူရိယာတီးခတ်မှုကိုသဘောကျသော်လည်းတကယ်တမ်းဝင်ဖြစ်သည်မှာအကနှင့်အဆိုပညာအတန်းသို့၊အားကစားအသင်းကိုတော့ရေကူးနှင့်ဘောလီဘောကစားရန်စာရင်းပေးသည်။အနုပညာနှင့်အားကစားတာဝန်ကျဆရာအသီးသီးဆီစာရင်းပေးပြီးပြန်လာသည့်နောက်ပန်းချီကလပ်အရှေ့တွင်ကျောင်းသူများစုရုံးနေသဖြင့် သွားကြည့်ရာ အထက်တန်းမှ စီနီယာကျောင်းသားများ ကျောင်းပေါင်းစုံပန်းချီပြိုင်ပွဲအတွက် ကလပ်အသင်းဝင်ဂျူနီယာများနှင့်အတူ လာရောက်မိတ်ဆက်နေခြင်းဖြစ်သည်။ ယခုတစ်ခေါက်ကျောင်းပေါင်းစုံပြိုင်ပွဲအတွက် လက်သစ်များကို ရွေးချယ်ပြီး အတူတွဲခေါ်ပေးရမည်ဖြစ်သောကြောင့် ကျောင်းဝင်းအတွင်း ပျားပန်းခပ်မျှကျောင်းသားများကိုတွေ့နေရသည်။
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...