Zawgyi #
မနက်စာစားပြီးနောက် Yibo သည် Xiao Zhan ကို ကုမ္ပဏီသို့ လိုက်ပို့ပြီး Changsha ဘက်သို့ခရီးသွားဖို့ပြင်ဆင်ရန် Yibo လည်း သူ၏ကုမ္ပဏီသို့ထွက်သွားလေသည်။ နောက်ထပ်ရိုက်ရမည့် အလုပ်ကိစ္စများကြောင့် Xiao Zhan လက်မလည်အောင်အလုပ်ရှုပ်နေသော်လည်း အလုပ်ထဲစိတ်ပျော်ဝင်နေခြင်းမရှိ။
Knock knock
Xiao Zhan >> ဟုတ် ဘာကိစ္စများလဲ
Staff>> ရုပ်သံထုတ်လွှင့်ရေးကုမ္ပဏီက မစ္စရန်မေဟွား ရောက်လာပါတယ်
Xiao Zhan >> အော် ဒါဆိုအစည်းဝေးခန်းထဲမှာစောင့်နေခိုင်းလိုက်ပါ
Staff>> ဟုတ်ကဲ့
XXXXX
Xiao Zhan >> မေဟွားရောက်လာပြီးလား
Mae Hwa >> ဟုတ် နောက်နေ့ဆိုရင် ဇာတ်လမ်းအတွက် သရုပ်ဆောင်တွေရွေးရတော့မယ်လေ အဲတာ Xiao Zhan ge ge ရော လာမှာလား
Xiao Zhan >> အင်း ဒါရိုက်တာကြီးနဲ့တူတူလာခဲ့ပါ့မယ် အခုမေဟွားက ဘာကိစ္စရှိလို့လဲ
Mae Hwa >> ဇာတ်လမ်းအတွက် scene တွေနဲ့ diaglouge အတွက် တိုင်ပင်ချင်လို့လာတာ ဒါနဲ့ Xiao Zhan ge ge ရိုက်ပြီးသွားတဲ့ဇာတ်လမ်းတွေရော edit လို့ပြီးပြီလား
Xiao Zhan >> အင်း ပြီးသလောက်နီးပါးပါဘဲ နောက်တစ်ရက်နှစ်ရက်ဆိုရင် studio ကို သွားအပ်တော့မှာ
Mae Hwa >> ဒါဆိုရင်တော့ ဇာတ်ဆောင်ရွေးပွဲပြီးရင် ရိုက်ဖို့ scene နေရာအတွက် အရင်သွားကြည့်ဖို့ ဒါရိုက်တာကြီးရယ် ၊ ရှုတင်က setting အဖွဲ့ရယ် ၊ ညီမတို့ခရီးသွားဖို့လည်းရှိတယ် Xiao Zhan ge ge လည်းပါတယ်
Xiao Zhan >> အာ..ဟုတ်လား ဘယ်ကိုလဲ
Mae Hwa >> Nanjing ဘက်ကို ၂ရက် ၊ ၃ရက်လောက်ကြာမယ်
Xiao Zhan ( သွားပြီ Yibo ပြန်မလာခင် ငါကသွားရမှာ ဟူး........)
Yibo Changsha မှ ပြန်မလာခင် Xiao Zhan လည်း Nanjing ဘက်ကို ခရီးထွက်ရမည်မို့ စိတ်ညစ်ပြီးရင်းညစ်နေလေသည်။
မေဟွား အလုပ်လုပ်နေရသော်လည်း အကြည့်မှာ Xiao Zhan ဘက်သို့ပင်ရောက်နေသည်။ မိမိရေးထားသော script များကို ဖတ်နေသော Xiao Zhan မှာ တည်ငြိမ်လွန်းနေပြီး စာဖတ်နေသောမျက်လုံး ၊ စင်းကျပြီးရှည်နေသောမျက်တောင် ၊ နှာတံချွန်ချွန် တစ်ခုချင်းစီကိုဘေးမှနေပြီး အသေးစိတ်ကြည့်နေမိပြီး Yibo နှင့်ခွဲရန်နည်းအမျိုးမျိုးကို စဉ်းစားနေမိသည်။ Xiao Zhan ကိုကြည့်နေရင်း စာရွက်များကိုင်ထားသော ဘယ်ဘက်လက်သူကြွယ်မှ လက်စွပ်ဆီကိုအကြည့်အရောက်
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...