Star 46

396 41 8
                                    

Zawgyi #

စနေတနင်္ဂနွေကျောင်းပိတ်ရက်မနက်ပိုင်းတွင်အချိန်ပိုင်းအလုပ်မရှိသဖြင့် Xiao Zhan နောက်ကျမှအိပ်ရာထလေ့ရှိသည်။တံခါးမှဘဲလ်တီးသံကြောင့်အိပ်ရာမှမထချင်ဘဲထကာတံခါးချောင်းကြည့်ပေါက်မှကြည့်လိုက်သော်ရန်မေဟွားကိုတွေ့လိုက်ရလေသည်။ရန်မေဟွားအပေါ် Xiao Zhan စိတ်တိုနေသော်လည်းနိုင်ငံရပ်ခြားတွင်ဖြစ်နေပြီးကိုယ့်လူမျိုးသားချင်းမိန်းကလေးတစ်ယောက်အပေါ်ဥပက္ခာထားကာမနေနိုင်သဖြင့်တံခါးကိုဖွင့်လိုက်ရလေသည်။

Xiao Zhan >> မေဟွားအစောကြီးပါလားဘာကိစ္စရှိလို့လဲ

Mae hwa >> Xiao Zhan Ge Ge မေဟွားအခန်းမှာလေ အင်တာနက်သုံးမရတော့လို့ဆရာ့ကိုထပ်ရမယ့် report ရေးစရာရှိတော့အဲတာge ge အခန်းက wifi internet ကိုခဏပေးသုံးပါလား

ကျောင်းစာကိစ္စနှင့်ပတ်သက်နေသောကြောင့် Xiao Zhan လည်းမငြင်းသာတော့ဘဲအခန်းတံခါးဖွင့်ပေးလိုက်ရလေသည်။ ရန်မေဟွားအသုံးပြုနိုင်အောင်သူ၏စာရေးစားပွဲမှစာအုပ်များကို Xiao Zhan ရှင်းလင်းပေးလိုက်သည်။ ပြီးနောက်မျက်နှာသစ်သွားတိုက်ပြီးကျန်နေသေးသောပေါင်မုန့်၊ကြက်ဥတို့ဖြင့်အလွယ်စားလို့ရနိုင်သည့်ပေါ့ပေါ့ပါးပါးမနက်စာကိုပြင်ပြီး ရန်မေဟွားကိုပါတစ်ပန်းကန်ပြင်ပြီးပေးလိုက်လေသည်။ ပြီးနောက် Comessionအပ်ထားသောပန်းချီပုံများ ကျန်နေသေးသဖြင့် Xiao Zhan မနက်စာကိုလျင်မြန်စွာစားပြီးပန်းချီဆက်ဆွဲနေလေသည်။ ရန်မေဟွားမှာ Xiao Zhanဆီသို့မည်သို့ချဉ်းကပ်ရမည်မသိကြံရာမရဖြစ်ပြီးတော့မှ အဆောင်တွင်တပ်ထားသော Internet Wifi ကြိုးကိုတမင်ဖြတ်ပြီးတော့မ Xiao Zhanအခန်းသို့ရောက်လာခြင်းဖြစ်လေသည်။ Xiao Zhanသည်သူမကိုမတွေ့စေချင်ကာမူ တစ်ယောက်တည်းအခက်ကြုံနေရသူကိုအကူအညီပေးရန်ဝန်မလေးသူဖြစ်ကြောင်း သူမအတပ်သိနေလေသည်။ စာကြည့်စားပွဲမှ Xiao Zhan မျက်နှာကိုငေးရင်း Xiao Zhan ပြင်ပေးသည့်မနက်စာကိုပါစားရသည်မို့ရန်မေဟွားသူမအတွက်ကံကောင်းသောနေ့များစတင်လာပြီဟုယုံကြည်နေမိသည်။ Xiao Zhan မှာရန်မေဟွား မိမိကိုငေးနေသည်ကိုမသိ ပန်းချီပုံများ ကိုပြီးရန်သာအာရုံရောက်နေသဖြင့်သတိမထားမိချေ။ အမဖြစ်သူထံမှဖုန်းဝင်လာသဖြင့်ရန်မေဟွား Xiao Zhan ကိုကြည့်လိုက်သော်ပန်းချီဆွဲနေသည်ကိုသာတွေ့သဖြင့် စားပွဲမှထလာကာတိုက်ခန်းဝရံတာရှိရာဘက်သို့ထွက်လိုက်ပြီးမှဖုန်းကိုကိုင်လိုက်လေသည်။

ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's SkyWhere stories live. Discover now