Zawgyi #
Xiao Zhan ပုံမှန်မဟုတ်သည့်နူးညံ့နွေးထွေးသောတစ်စုံတစ်ရာကြောင့်လူးလွန့်ပြီးနိုးလာလေသည်။ နိုးထလာသည်နှင့်ဝင်လာသည့်အသိတစ်ခု မနေ့ညကအဖြစ်အပျက် ၊အထိအတွေ့တစ်ခု
Xiao Zhan ခန္ဓာကိုယ်ကိုတင်းကျပ်စွာပွေ့ပိုက်ထားသောလက်တစ်စုံနှင့်မျက်နှာချင်းဆိုင်မြင်နေရသောမျက်နှာတစ်ခု ........
ကျယ်ဝန်းသောနဖူးပေါ်တွင်ဆံပင်အိအိတို့ကခပ်အုပ်အုပ်ကျဆင်းနေပြီးနက်သောမျက်ခုံးတစ်စုံစိပ်စိပ်ကျနေသောမျက်တောင်စင်းစင်းနှင့်ဖြောင့်စင်းပြီးအဖျားကျမှလုံးသွားသောနှာတံထိုနှာတံအောက်တွင်လှပစွာနေရာယူထားသည်ကပန်းသွေးရောင်ရှိသောနှုတ်ခမ်းလုံးလုံး....
ချစ်စရာကောင်းသလို ယောကျာ်းဆန်စွာ ချောမောနေသော Xiao Zhan မျက်နှာချင်းဆိုင်မှ Yibo ကိုသေချာစွာကြည့်နေမိသည်။
Xiao Zhan မနေ့ကအကြောင်းကိုပြန်စဉ်းစားကြည့်မိလျှင် မိမိကိုယ်တိုင်ကရောဘာကြောင့် Yibo အလိုကို လိုက်လျောနေမိမှန်းမသိ။သူ၏အရှေ့တွင်ရှိနေသောမျက်နှာနုနုငယ်ငယ်နှင့်ကောင်လေးကိုအလွတ်မဲ့စွာငေးနေမိသည်။မိမိကိုယ်တိုင်ကရော Yibo ကို နှစ်သက်နေမိပြီလားအရင်တုန်းကနေခုထိအပေါ်သူဆက်ဆံမိသည့်အကြောင်းများ
Yibo ကို ကောင်မလေးတစ်ယောက်နှင့်တွဲတွေ့သောအခါဆူလောင်လာသော Xiao Zhan ၏ဒေါသများဒါကရောသ၀န်တိုခြင်းမည်သည်လား......
Xiao Zhan တစ်ယောက်တည်းအတွေးများဖြင့်ယောက်ယတ်ခတ်ရင်းရှေ့မှအိပ်ပျော်နေသောကောင်လေးမျက်နှာကိုကိုင်ကြည့်ရန်လက်လှမ်းမိစဉ်တခဏမိမိလက်ကိုဖမ်းဆွဲခြင်းခံလိုက်ရလေသည်။
ရုတ်တရက်အလစ်အငိုက်ဖြစ်သွားသောလုပ်ရပ်ကြောင့် Xiao Zhan မျက်လုံးတို့မှာပြူးကျယ်လာလျှက် သူ၏ မျက်နှာမှာလည်းရဲရဲနီကာအကြောင်သား Yibo ကို ငေးနေမိသောမျက်နှာကိုလွှဲဖယ်လိုက်သည်။
Yibo >> Ge ဘာလို့မျက်နှာလွှဲလိုက်ရတာလည်းကျွန်တော့်ကိုကြည့်ပါ ......
Xiao Zhan >> ဘာလို့ကြည့်ရမှာလဲဖယ်တော့ထတော့မယ်အလုပ်တွေရှိသေးတယ်
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...