Zawgyi #
လက်ကျန် တည်းဖြတ်ပြီး ထုတ်လွှင့်မည့်ကုမ္ပဏီသို့ပေးပြီးနောက် Xiao Zhan ဇာတ်ဆောင်ရွေးပွဲသို့ထွက်လာခဲ့သည်။ နာမည်ရမင်းသား မင်းသမီးများသာမက တက်သစ်စမင်းသား မင်းသမီးများပါ ရောက်နေပြီး ဒါရိုက်တာ ပရိုဂျူဆာနှင့် ရန်မေဟွား အခြား ၀န်ထမ်းများပါ ဟောခန်းမထဲတွင် စုံစုံလင်လင်ရှိနေကြသည်။ ယခုတစ်ခေါက်လည်း ရှေးခေတ်သမိုင်းနောက်ခံဇာတ်လမ်းတွဲမို့ ဇာတ်အိမ်ကျယ်ကာ သရုပ်ဆောင်လည်းအများအပြားပါသည်မို့ သရုပ်ဆောင်ရွေးချယ်ပြီးလျှင် ရိုက်ကူးရေးအတွက် ၃ ၊ ၄ လလောက်အလုပ်ရှုပ်ပေဦးမည်။ တစ်ယောက်ပြီး တစ်ယောက် အစမ်းသရုပ်ဆောင်သည်ကို အကဲဖြတ်ရင်း Xiao Zhanတို့အဖွဲ့ဝင်တွေအားလုံးလိုလို နေ့လည်စာကို ၃ နာရီကျော်မှ စားရသည့်အဖြစ် ။ သရုပ်ဆောင်ရွေးရန် စပွန်ဆာပေးမည့် ကုမ္ပဏီဘက်မှ အချိန်ကန့်သတ်ထားသည်မို့ အလုပ်ဇောကပ်နေသည့်အဖွဲ့သားများ ထမင်းပင်ဖြောင့်ဖြောင့်မစားနိုင်ပေ။ Changsha တွင်လည်း သီချင်းအသံသွင်းခြင်းနှင့် ရိုက်ကူးနေသော Yibo သည်လည်း မအားမလပ်ဖြစ်နေလေသည်။ အချိန်နည်းနည်းရသည်နှင့် တစ်ယောက်နှင့် တစ်ယောက် အသံ message ပို့ရုံမှလွဲပြီး ဖုန်းပင်မပြောနိုင်ချေ။ သရုပ်ဆောင်ရွေးပွဲပြီးသည့်နောက်တွင်လည်း အစမ်းသရုပ်ပြခဲ့သမျှကို Xiao Zhanတို့လူရွေးသည့် အဖွဲ့ဝင်များ သရုပ်ဆောင်ခဲ့သည်ကို ပြန်ကြည့်ပြီး အကဲဖြတ်သူအားလုံးတိုင်ပင်ကာ စိစစ်ရွေးနေရသည်မို့ မှာပင် မိုးလင်းပေါက်သွားခဲ့လေသည်။
Director >> အား.... နောက်နေ့တောင်ကူးနေပြီ အိမ်ပြန်ရေချိုးပြီး နေ့လည်လောက်မှ ကိုပြန်လာကြတာပေါ့ မနက်ဖြန် Nanjing ဘက်ကို ခရီးသွားရမှာမို့ အ၀တ်အစားတွေကအစပြင်ဆင်ပြီး တခါတည်းသယ်လာကြပါ အတူတူစုသွားရမှာမို့ ဒီနေ့အိမ်ပြန်ရင် တခါတည်းပြင်ဆင်လာကြပါ
ဒါရိုက်တာကြီးမှ လိုအပ်တာများကို မှာကြားကာ ထွက်သွားပြီးနောက် Xiao Zhan သက်ပြင်းပင်မချနိုင်တော့ အိမ်သို့အမြန်ပြန်ရန်စီစဉ်လိုက်ရသည်။ အစည်းအဝေးလုပ်နေစဉ်က မည်သူမျှဖုန်းမကိုင်ရဟုသတ်မှတ်ထားသောကြောင့် ဖုန်းကို Silent လုပ်ထားပြီး Yibo နှင့်လုံးဝဖုန်းပြောခွင့်မရပေ။ ယခုလည်း ဒါရိုက်တာကြီးက Nanjing သွားဖို့ရက်ကို ရှေ့တစ်ရက်စောလိုက်သည့်အတွက်ကြောင့် Yibo ဆီကို ဖုန်းရလိုရညားဆက်ကြည့်ကာ Nanjing သွားမည့်ကိစ္စကိုပြောချင်သော်လည်း ဖုန်းမကိုင်သေး ၊ Voice Message ပို့ပြီးသာ အကြောင်းကြားထားလိုက်ရသည်။ မတတ်နိုင် နှစ်ဦးစလုံးလည်း အနုပညာသမားများမို့ နားလည်ပေးလိမ့်မည်ဟုထင်ပါသည်။ Xiao Zhanဖုန်းပြောနေသည်ကို ရန်မေဟွားသည် အနောက်မှ မမှိတ်မသုန်စိုက်ကြည့်နေကာ ဖုန်းထုတ်လိုက်ပြီး
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanficနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...