Zawgyi #
Star 28
Yibo ရိုက်ကွင်းပြီးပြီးချင်း Xiao Zhan အိမ်ကိုသွားရန် လစ်ထွက်ဖို့ကြံနေပြီး မန်နေဂျာကိုစောင့်ကြည့်နေမိသည်။ YueHua Entertainment 's chairman က Yibo ကို နောက်ထပ်လုပ်စရာရှိသည့် ကြော်ငြာကိစ္စနှင့် သီချင်း အတွက် စကားပြောရန်ခေါ်ခိုင်းနေသည်မှာ ကြာနေပြီဖြစ်သော်လည်း အခုတလော ပျောက်ပျောက်သွားသည်မို့မန်နေဂျာသည် Yibo ကို အလစ်မပေးရဲပေ။
Manager >> ဒါကဘယ်သွားမလို့လဲ Yibo
Yibo>> ဘယ်မှမသွားပါဘူး ကားပေါ်မှာ ယူစရာရှိလို့ပါ
Manager >> ဘာယူမှာလဲပြော ငါသွားယူပေးမယ်
Yibo>> အာ... ရတယ်ရတယ် မန်နေဂျာကြီးလုပ်စရာမလိုဘူး ကျွန်တော့်ဘာသာသွားလိုက်မယ်
Manager >> အမယ်လေး....ငါမသိဘူးမှတ်နေလား Yibo လစ်ထွက်မလို့မလား Paparazi တွေကစောင့်ကြည့်နေတာနော် တခုခုဆိုရင် အခုနာမည်ရနေတဲ့နေရာကနေ ချက်ချင်းကျသွားလိမ့်မယ် ... ဇာတ်လမ်းအသစ်ကလည်း ထုတ်လွှင့်ရသေးတာမဟုတ်ဘူး ညနေ ရုံးခန်းကိုသွားရလိမ့်မယ် သူဌေးခေါ်ထားတယ် အဲတော့ ဘယ်မှသွားဖို့ကြံမနေနဲ့
Yibo>> ကျွန်တော်သိတယ်
Yibo ဘေးနားက ရိုက်ကွင်းကိုယူလာနေကျ စကိတ်ကို တစ်ချက်စောင့်ကန်ပြီး DDU အဖွဲ့သားများနားနေခန်းသို့ စကိတ်စီးရင်းထွက်သွားလေသည်။ အလုပ်ကိုတိတိကျကျကြိုးစားလုပ်သော်လည်း တစ်ခါတစ်လေ ဂျစ်တစ်တစ်နိုင်သော် Yibo ကိုကြည့်ပြီး မန်နေဂျာမှာ သက်ပြင်းချမိလေသည်။
@ YueHua Entertainment Office
ရုံးမှ ဧည့်ခန်းတွင် ငယ်ရွယ်ချောမောလှပပြီး တည်ငြိမ်ရင့်ကျက်သောအလှနှင့် အမျိုးသမီးတစ်ဦးသည် Yibo ၏ ကြော်ငြာပိုစတာများကို ရွှန်းရွှန်းစားစားကြည့်နေလေသည်။ နုနယ်ချောမောပြီး လတ်တလော ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးများ၏ အချစ်ကို သိမ်းပိုက်ထားသော Yibo ကို သူမစိတ်ဝင်စားနေသည်မှာ တစ်နှစ်ခန့်လောက်ပင်ရှိလေပြီ။
Flash back >>>
ဧည့်ခံပွဲတစ်ခုသို့စီးပွားတူပါတနာများဖိတ်ကြားသဖြင့် သူမတက်ရောက်ခဲ့ရာမှ Yibo နှင့်အမှတ်မထင်တွေ့ခဲ့ခြင်းဖြစ်လေသည်။ ထိုနေ့က သူမသောက်ထားသဖြင့် အနည်းငယ်ညီးစီစီဖြစ်နေပြီး ဟိုတယ်ခန်းမအပြင်ဘက်တွင် ထိုင်နေချိန်တွင် အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ကောင်လေးတစ်ယောက်သည် ဝိုင်တစ်ခွက်ကို ကိုင်ရင်းသူမထိုင်နေရာ ခုံများရှိရာသို့ထွက်လာသည်ကိုတွေ့လိုက်ရသည်။ ထိုအနှီကောင်လေးမှာ ဝိုင်ခွက်ကို အနားရှိခုံလေးတစ်ခုပေါ်သို့တင်လိုက်ပြီး ကုတ်အကျီကို ချွတ်ရင်း ပူအိုက်နေပုံပေါ်လေသည်။ သိပ်မကြာခင်တွင် မိန်းကလေးများ ကျွက်စီကျွက်စီအသံကိုကြားလိုက်ရပြီး ထိုကောင်လေးသည် သူမရှိရာဘက်သို့ပြေးလာကာ သူမထိုင်နေရာခုံအနောက်ဘက်ရှိ ပန်းအိုးအကြီးကြီးများရှိရာနောက်တွင် ၀င်ပုန်းရင်း သူမကိုလက်ညှိုးတစ်ချောင်းနှုတ်ခမ်းပေါ်တင်ကာ အသံတိတ်နေရန်လုပ်ပြသွားသေးသည်။
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...