Zawgyi #
စောင်ပုံထဲတွင်လုံးထွေးနေသော ဖြူဖြူဥဥကောင်လေး Yibo ၏နဖူးကို ငုံနမ်းပြီးနောက် အိပ်ရာမှထဖို့ပြင်နေစဉ် Xiao Zhan သည် ကုတင်ပေါ်သို့ ပြန်ဆွဲချခြင်းကိုခံလိုက်ရလေသည်။
Xiao Zhan >> အာ .. ရာ ဘာလုပ်တာလဲ ဖယ်
Yibo သည် အိပ်နေရာမှ မျက်လုံးကိုမဖွင့် လက်နှစ်ဘက်ဖြင့် Xiao Zhan ကျောပြင်ကိုသိုင်းဖက်ထားကာ ခြေထောက်ဖြင့် ခါးနားကနေခွထားပြီး Xiao Zhan သည် ရင်ဘက်ပေါ်တွင် မှောက်ယက်ကလေးဖြစ်လို့နေသည်။
Yibo>> Ge ကလဲ အစောကြီးရှိသေးတာကို အိပ်ပါဦး
Xiao Zhan >> မစောတော့ဘူး ကိုယ်တော်ချောရဲ့ မနက်စာပြင်ရဦးမယ် ခင်ဗျားလေးက စားဖို့ဘဲသိတာ ...
Yibo သည်မျက်လုံးတစ်ဖက်ကိုဖွင့်ကာ မိမိရင်ခွင်ထဲမှ Xiao Zhan ကိုကြည့်ပြီး
Yibo>> ဟုတ်တယ် ကျွန်တော်က စားဖို့ဘဲတတ်တယ် အခု Ge ကိုလဲ စားချင်နေတာ
Xiao Zhan သည် Yibo စကားကြောင့် အလန်တကြားထမည်ပြင်သော်လည်း ခြင်္သေ့ပေါက်တို့မည်သည် မိနေပြီဖြစ်သော ယုန်ကြီးကို အလွတ်ပေးမည်မဟုတ်။ ဘေးဘက်ကိုဆွဲချပြီး Xiao Zhan ကို အပေါ်မှ အုပ်မိုးကာ ပါးကိုဘယ်ပြန်ညာပြန်နမ်းနေရာမှ တဖြည်းဖြည်းချင်းဇာတ်လမ်းဆက်နေချင်နေသော Yibo ကို
အတင်းတွန်းကာ
Xiao Zhan >> ခွေးပေါက်လေး မျက်နှာလည်းမသစ်ဘူး ညစ်ပတ်တယ်
Yibo>> Ge လည်း မျက်နှာမသစ်ရသေးဘူးလေ တူတူဘဲ
Xiao Zhan >> ဖယ်တော့ မျက်နှာသွားသစ်မယ် ထ ....
Yibo သည် Xiao Zhan ပေါ်တွင် ဖိချပြီး ထပ်အိပ်ကာ ကားယားကြီးခွထားလေသည်။ Xiao Zhan သည် Yiboမျက်နှာကိုဆွဲယူပြီး ပါးတစ်ဖက်ကို အနမ်းဖွဖွလေး ပြန်ပေးကာ
Xiao Zhan >> ထတော့နော် Yibo လေးကလိမ္မာပါတယ် ... ဒီနေ့ studio မှာ အစမ်းပြဖို့ရှိတယ်သွားရမယ်လေ... ဒီကနေအိမ်ပြန်ရဦးမှာမလား Yiboမန်နေဂျာ သိသွားရင်မကောင်းဘူး ထထ....
Xiao Zhan ချော့မော့ကာ အိပ်ရာထဖို့ပြောနေသဖြင့် Yibo မထချင်ထချင် ထကာ ခေါင်းမှ ဆံပင်တို့ကိုဖွလိုက်ပြီး ဆူပုတ်ပုတ်ဖြင့်ဖယ်ပေးလေသည်။ Xiao Zhan သည်လက်ကိုဆွဲပြီး ရေချိုးခန်းထဲခေါ်ကာ Yibo အတွက်အရင်တစ်ခေါက်ထဲက ပြင်ထားသော ဗီဒိုထဲမှ ဆင်တူသွားတိုက်သွားပွတ်တံနှင့် ရေခွက်ကိုထုတ်ကာ မျက်နှာသစ်ရန်ပြင်ပေးလေသည်။ Xiao Zhan သည် တစ်ခါမှYibo နှင့် ယခုလို ချစ်သူဖြစ်ပြီး ဒီလိုနေ့ရက်တွေကို ဖြတ်သန်းရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးပေ။ သွားပွတ်တံကြီး ပါးစောင်ထဲငုံကာ ငိုင်နေသောXiao Zhan ကို နောက်မှ သိုင်းဖက်ကာ ဂုတ်ကို အနမ်းဖွဖွပေးလိုက်ပြီး
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...