Zawgyi #
Yibo UNIQ အဖွဲ့ရဲ့ Member ဖြစ်လာဖို့ ကိုရီးယားကိုရောက်လာသည်မှစပြီး debut မတိုင်ခင် ရက်ပေါင်း ၁၄၀၀ ရှိပြီ။ နေ့တိုင်းအကလေ့ကျင့်ချိန်မှာ မနက် ၉ နာရီမှ ညနေ ၄နာရီ ။ ကပြီးရင်ကနေဖို့ကသာ အတွက် Yiboအတွက် ဖြေသိမ့်စရာ ၊ တစ်စုံတစ်ယောက်ကိုမေ့ပစ်ဖို့ရာ။
ထိုနေ့က အကလေ့ကျင့်နေရင်း အတော်နောက်ကျသည်အထိ မှမပြန်ဖြစ်။ Li Wenhan Ge နှင့် Zhou Yixuan Ge မှာ ကိုရီးယားစာ သင်ရမည်ဖြစ်၍ ယနေ့စောပြန်ပြီး Yiboမှာ စာရသဖြင့် အကလေ့ကျင့်ရန် Sung-joo Hyung , Seung-youn Hyung တို့နှင့်အတူကျန်နေခဲ့ခြင်းဖြစ်သည်။
Sung-joo Hyung >> ဗိုက်ဆာလာပြီ အောက်မှာမုန့်သွားစားမယ် Yibo လိုက်ဦးမလား
Yibo >> ကျွန်တော်နည်းနည်းလေ့ကျင့်လိုက်ဦးမယ်
Seung-youn >> နားပါဦးကွာ မလုပ်နိုင်ဘဲနေဦးမယ်
Yibo >> ဟုတ် ဒါဆိုလဲ ကျွန်တော်ဒီမှာ နားရင်းကျန်ခဲ့မယ်လေ hyung တို့ မုန့်ပိုဝယ်ခဲ့
Sung-joo Hyung , Seung-youn Hyung ထွက်သွားပြီး သိပ်မကြာခင် ရုတ်တရက် အကလေ့ကျင့်ခန်းမှာ အမှောင်ကျသွားလေသည်။ Yibo ချွေးစေးများပါထွက်လာပြီး အသက်ရှုလည်းမ၀တော့ပေ။ အမှောင်ခန်းသည် တချိန် Bejing ကျောင်းမှာတုန်းက အဖြစ်အပျက်ကို သတိရစေသည်။
Flash back ~
Yibo >> ဘယ်သူရှိလဲ ဖွင့်ပေး
He Peng 'fri >> မင်းက သိပ်တော်တာလေ အဲတော့ ဒီထဲကထွက်နိုင်အောင် စဉ်းစားပေါ့ မင်းတတ်နိုင်မှာပါ
Yibo >> ဟိတ်ကောင်တွေဖွင့်ပေး ..... မင်းတို့ယှဉ်ချင်တယ်ဆို မင်းတို့ရအောင်ကြိုးစားပေါ့
He Peng 'fri >> ဘယ်လိုယှဉ်ယှဉ်လေ ငါတို့နိုင်ဖို့ကအဓိက
အခုကတော့ မင်းဒီမှာအနားယူလိုက်ဦး ငါတို့တော့သွားပြီ
ငါတို့ He Peng ပြောပြရင် သူပျော်နေမှာ ဒါပေါ့ ငါတို့က သူ့သူငယ်ချင်းကောင်းတွေဘဲ အထဲကကောင်ကသာ ထောင်လွှားနေတာ ကောင်းတယ် အခုလိုမျိုးလုပ်ရတာ ဒါမှ တသက်လုံးမှတ်သွားမှာ
Yibo မှာ ဆရာခိုင်းသည်ဆိုပြီး ကျောင်းသားတစ်ယောက်ကလာပြောသဖြင့် ကျောင်းပွဲအတွက်အလှဆင်ရန် လိုအပ်သည်များကို ကျောင်းဂိုဒေါင်ဘက်သို့ရောက်လာချိန် He Peng သူငယ်ချင်းများ အပြင်မှ တံခါးပိတ်သွားသည်ကိုခံလိုက်ရသည်။
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...