Star 24

634 52 2
                                    

Zawgyi #

အရင်နိုးနေသောသည် Yibo မိမိရင်ခွင်ထဲအိပ်မောကျနေသူ Xiao Zhan မျက်နှာကိုကြည့်မ၀၊နဖူးပေါ်ကဆံပင်စင်းစင်းလေး၊မျက်ခုံးနက်နက်လေးနှင့်ဖြောင့်စင်းစင်းနှာခေါင်းအောက်ကပန်းနုရောင်နှုတ်ခမ်း။ထိုနှုတ်ခမ်းလေး၏အကြောင်းကိုစဉ်းစားလျှင် Yibo မနေ့ညက Xiao Zhan ကိုနမ်းရှိုက်ခဲ့သည့်အကြောင်းများကပြန်ပေါ်လာသည်။တခါစားသုံးဖူးသောပျားရည်ရဲ့ချိုမြိန်သောအရသာလိုထပ်ကာထပ်ကာစုပ်ယူစားသုံးချင်သေး၏။ထပ်ပြီးချစ်ရသူကိုထွေးပွေ့ပြီးအိပ်စက်ချင်သေးသည်။သို့သော်မိမိသည်ကိုယ့်ကိုယ်ကိုမပိုင်သေးသောအနုပညာရှင်တစ်ယောက် ၊ Xiao Zhan ကိုတွေ့ဖို့တောင်မရသည့်ကြားကအချိန်လုပြီးထွက်လာရသည်။အခြားလူတွေသတိထားမိလို့လည်းမဖြစ်သေး။ဤနေရာသည် Xiao Zhan ရဲ့ရုပ်ရှင်ရိုက်ကွင်းနေရာ ၊ ဤနေရာတွင်တည်သည့် ရှုတင်ရိုက်ကွင်းတွင် သူ့အတွက် သရုပ်ဆောင်ရန် ဇာတ်ကွက်မပါ။ အဖွဲ့ထဲတယောက်ယောက်တွေ့လို့မဖြစ်၊သူ့ထက်စာလျှင် Xiao Zhan ကဒီနေရာမှာလက်ထောက်ဒါရိုက်တာမို့အရေးကြီးသည်။ တလောကပင် Yibo သူ့လက်ကိုကိုင်ပြီး Xiao Zhan ကိုကပ်နေသည့် မင်းသမီးကျွေးတာကို စားလိုက်ကတည်းက Xiao Zhan နှင့် သူ့ကို သို့လော ၊ သို့လော တွေးနေကြသူများရှိနေပြီ။ ရိုက်ကူးရေးအဖွဲ့သားများ သာမက အခြားမင်းသားမင်းသမီးများ Xiao Zhan ကိုအထင်သေးမည့်ကိစ္စပေါ်လျှင်သူရည်ရွယ်ချက်ပြောင်းပြီးကြိုးစားထားသမျှသဲထဲရေသွန်ဖြစ်လိမ့်မည်။ Yibo သည်သူ့ကိုဖက်ထားသော Xiao Zhan လက်များကိုအသာဖယ်လိုက်ပြီးနဖူးကိုနမ်းမြည်ကြံစည်ပြီးတော့မှနိုးမည်စိုးသောကြောင့်မနမ်းဖြစ်တော့ဘဲလွတ်နေသောစောင်ကိုလုံသည်အထိ Xiao Zhanကို ပြန်ခြုံပေးလိုက်ပြီးကုတင်ပေါ်မှဆင်းလိုက်သည်။ ထို့နောက် Yibo သူလုပ်စရာရှိသည်များကို လုပ်ခဲ့ပြီး ၏ဟိုတယ်ခန်းထဲမှ ဖြေးညင်းလေးကန်စွာထွက်လာလိုက်သည်။

တစ်စုံတစ်ခု လစ်ဟာနေသလိုခံစားနေရတဲ့အတွက် Xiao Zhan တစ်ယောက်လက်ဖြင့် အိပ်ရာကို လိုက်စမ်းလို့နေသည်။ လစ်ဟာနေသော ခံစားမှုတစ်ခု ၊ ဘာမှန်းမသိတော့ မသိသေးပေ။ မျက်စိမဖွင့်ချင်သေးသော်လည်း နှိုးစက်မြည်နေသည်မို့ အိပ်ရာမှ လူးလဲထပြီး အချိန်ကြည့်တော့ မနက် ၇နာရီ ။ ဒီနေ့ရိုက်ကွင်းက ၈နာရီစတည်မှာကို သတိရပြီးနောက်ထပ်သတိရမိသည်က ... Yibo. သူမရှိတော့။ Yibo ဘေးတွင်အိပ်ခဲ့သည်မို့ ကိုယ်ငွေ့နွေးနွေးက မွေ့ရာပေါ်ကျန်နေသေးသည်။ ဘာဘဲဖြစ်ဖြစ်အိပ်ရနိုးထချိန်တွင် Xiao Zhan သည်ချစ်သူမျက်နှာကို မြင်ချင်ပါသေးသည်။ သို့သော် မိမိသည် သူ့အခြေအနေရော ၊ မိမိအခြေအနေကိုပါနားလည်သည်။ ၂ယောက်လုံးမှာ အနုပညာကို လျှောက်လှမ်းနေသူများ ၊ ပြီးနောက် လိင်တူခြင်းနှစ်သက်မိသူ ။ မချစ်ခင်မေ့ပစ်ဖို့စဉ်းစားမိသော်လည်း Yibo ကို မိန်းကလေးတစ်ယောက်နှင့် တွဲတွေ့မိချိန်တွင် အဆုံးရှုံးမခံနိုင် ၊ Xiao Zhan လက်မလွှတ်ပေးချင်တော့။ တဆင့်ထက်တဆင့် ၊ တရစ်ထက်တစ်ရစ် တိုးလာသော Yibo ရဲ့အချစ်ဒီဂရီတွေအတွက် မချစ်တတ်ခဲ့သော Xiao Zhan သည် Yibo ၏ အချစ်များအောက်တွင် ကျရှုံးခဲ့ရသည်။ ထိုလူသားလေးကို မြတ်နိုးသည် ၊ ကြင်နာသည် ချစ်သည်ဆိုသော စကားထက် သာလွန်သော စကားရှိပါလျှင် Xiao Zhan နေ့တိုင်းနေ့တိုင်း Yibo ကိုပြောချင်သည်။

ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's SkyWhere stories live. Discover now