Zawgyi #
ဇာတ်လမ်းရိုက်ကူးဖို့နီးကပ်နေသော်လည်း ရန်မေဟွားသည် ကုမ္ပဏီသို့မသွားနိုင် ၊
ဂျပန်စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းထဲတွင် ရန်မေဟွားသည် လူတစ်ယောက်ကိုစောင့်နေလေသည်။ ၁၅ မိနစ်ခန့်ကြာသော် တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားသော လူတစ်ယောက်သည် အခန်းထဲသို့ဝင်လာလေသည်။
Man>> မစ္စ ကျွန်တော် နည်းနည်းနောက်ကျသွားတယ်
Mae Hwa>> နောက်ကျတာက ကိစ္စမရှိပါဘူး ကျွန်မလည်းရှင့်ကိုလိုအပ်တဲ့အချိန်ထက်ပိုပြီး စောစောချိန်းမိတာဘဲလေ ဒါနဲ့ ကျွန်မလိုချင်တဲ့အချက်အလက်ကို သေသေချာချာရရဲ့လား
Man>> ဒါတော့စိတ်မပူပါနဲ့ ကျွန်တော့်ကိုအပ်ထားတဲ့အလုပ်ရှင်ကို စိတ်ပျက်မှုမရှိစေရပါဘူး ဒီမှာပါ
ထိုလူသည် A3 sizeအရွယ် စာအိတ်အညိုတစ်ထုပ်ကိုရှေ့သို့ချပေးလိုက်လေသည်။ ထို့နောက် အိတ်ထဲမှ USB ကိုထုတ်ကာ ရှေ့သို့ထပ်ချပေးလိုက်လေသည်။
Mae Hwa>> ဒါနဲ့ ....
Man>> စိတ်ချပါ မစ္စ ကျွန်တော်က အလုပ်ရှင်အပေါ်သစ္စာထားပါတယ် copy မလုပ်ထားသလို အပြင်ကိုလည်းမပေါက်ကြားစေရပါဘူး USB ထဲက original တွေပါ
Mae Hwa>> ကောင်းပြီလေ
ရန်မေဟွားသည် သူမပိုက်ဆံအိတ်ထဲမှထုတ်ယူကာ စာအိတ်အဖြူတစ်အိတ်ကို ထိုလူဆီသို့ပြန်ကမ်းပေးလိုက်လေသည်။
Mae Hwa>> အထဲက ချက်လက်မှတ်ထဲမှာ ရှင့်ကိုကတိပေးထားတဲ့အတိုင်း ၂ဆရေးပေးထားတယ် ဘဏ်ကနေလွှဲရင် တခုခုစုံစမ်းလို့ပေါ်လာရင် ကျွန်မတို့ ၂ဦး၂ဘက်လုံးအတွက် အကျိုးမရှိဘူးလေ
Man>> ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် နောက်ထပ် အလုပ်ကိစ္စအတွက် တခုခုလိုအပ်လည်းပြောပါ ကျွန်တော်အရင်သွားလိုက်ပါဦးမယ်
Mae Hwa>> ကောင်းပါပြီ
ထိုလူပြန်ထွက်သွားပြီးနောက် စာအိတ်ထဲမှပုံများကို ရန်မေဟွားထုတ်ကြည့်နေမိသည်။ ဓာတ်ပုံထဲမှ ပုံရိပ်များသည် သူမအသည်းကိုအစိမ်းလိုက်ခွဲသလိုပင် နာကျင်စေလေသည်။ သူမစိတ်ကို အတတ်နိုင်ဆုံးထိန်းကာ အမဖြစ်သူရန်လီဟွား၏ ကုမ္ပဏီဆီသို့ထွက်လာပြီး သူမ၏ကုမ္ပဏီသို့လည်း သူမနေမကောင်းသဖြင့် ဇာတ်ညွှန်းသင်ရန်မလာနိုင်ကြောင်းကို အကြောင်းကြားလိုက်လေသည်။
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...