Zawgyi #
Warning !!!!!
< ၁၈ နှစ်မပြည့်သေးတဲ့reader လေးတွေနဲ့ ဟိုခန်းဒီခန်းမကြိုက်တဲ့သူတွေ သတိပေးပါတယ်နော်
မကြိုက်ရင် ဒီအခန်းကိုကျော်ဖတ်ကြပါလို့>
Xiao Zhan >> အား..လား..လား...
ဟင်းချက်နေသော်လည်း စိတ်များက ဟိုရောက်ဒီရောက်ဖြစ်နေသဖြင့် Xiao Zhan လက်ကို ဓားထိသွားလေသည်။ ဖြူနုသောချောင်းသွယ်သွယ်ပေါ် သွေးများကျဆင်းလာပြီး နီမြန်းလို့သွားလေသည်။
Xiao Zhan ( ငါဘာတွေလျှောက်တွေးမိနေပါလိမ့် )
Yibo >> ဟာ...Geဒါကဘာဖြစ်ရတာလဲ
လက်ကိုရေဘုံဘိုင်တွင်ရေဆေးနေချိန်တွင် အိမ်ထဲဝင်ကာ အသံမပေးဘဲ ဘေးနားရောက်နှင့်နေသော Yibo သည် Xiao Zhan လက်ကိုဆွဲယူကာကြည့်ပေးနေလေသည်။ Xiao Zhan မှာ အိမ်တံခါးလျှို့ဝှက်နံပါတ်ကို Yibo အားပေးထားပြီးသားမို့ သူအထူးမအံ့သြပေမဲ့
Yibo >> ဘာတွေများအတွေးများနေရတာလဲ ဒါရိုက်တာကြီးရဲ့ ...Ge ကလေ ကလေးလဲမဟုတ်ဘဲနဲ့
Yibo ပြောပြောဆိုဆို လက်ချောင်းတို့ကိုယူကာ Geပါးစပ်ထဲငုံလိုက်သောကြောင့် ကျက်သီးဖြန်းဖြန်းထသွားလေသည်။
အဲတာ ဘာလုပ်...လုပ်တာလဲ
လက်ချောင်းထိပ်များကို ငုံနေရင်းမှ မျက်လုံးလှန်ကြည့်လိုက်သည့်အတွက်ကြောင့် ရှက်ရှက်ဖြင့် မျက်နှာတစ်ဘက်လွှဲသွားလေသည်။ လက်ကိုဆွဲယူနေသော်လည်း အတင်းဆွဲထားသောကြောင့် ရုန်းမရပေ။
Yibo >> ကဲရပြီ ဆေးထည့်ရအောင်
ဆေးထည့်ပြီး ပလာစတာကပ်ပေးနေသော Yibo ကို Xiao Zhan ငေးကြည့်နေမိသည်။ နေ့လည်ထဲက Yibo အနမ်းတွေကြောင့် Xiao Zhan စိတ်နဲ့လူနဲ့မကပ်ပါဘူးဆိုမှ ၊ သူ့လုပ်ရပ်ကို သူ့ဘာသာသဘောကျနေသော ကောင်လေးကဘာမှမဖြစ်သော်လည်း Xiao Zhan ခြေတို့ပင်မခိုင်ချင်တော့ ရင်ထဲဗြောင်းဆန်လို့နေသည်။
Xiao Zhan >> အင်း ...အင်း.. လာ Yibo ထမင်းနဲ့ဟင်းရပြီ စားရအောင် လက်ဆေးဦး... ထမင်းပွဲပြင်ထားမယ် ...
Yibo >> အင်းပါကောရဲ့
မထွက်သွားခင် နီရဲရဲဖြစ်နေသော Xiao Zhan မျက်နှာကို Yibo ဖြတ်ကနဲကြည့်ပြီး နှုတ်ခမ်းများမသိမသာကွေးသွားသည်ကို Xiao Zhan မမြင်လိုက်ပေ။ Xiao Zhan နှင့် Yibo မျက်နှာချင်းဆိုင်ထိုင်နေသော်လည်း ထမင်းဝိုင်းသည် ခါတိုင်းထက်တိတ်ဆိတ်နေလေသည်။ Xiao Zhan မိမိအရှေ့မှ Yibo ကိုလည်း မျက်လုံးချင်းဆုံပြီးမကြည့်ရဲပေ။
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...