Xiao Zhanကားဖြင့်. Yibo.ရိုက်ကွင်းသို့တူတူထွက်လာလေသည်။
Yibo ၏မန်နေဂျာနှင့်ဘော်ဒီဂတ်တို့မှာရိုက်ကွင်းရောက်သော် Yibo ထံသို့အူယားဖားယားပြေးလာနေသည်ကိုတွေ့သောကြောင့် Yibo ကိုမစောင့်ဘဲ Xiao Zhan ဒါရိုက်တာကြီးရှိရာသို့အရင်သွားနှင့်လိုက်သည်။
Manager >> Yibo ဘယ်တွေသွားနေတာလဲအိမ်မှာလဲမရှိ၊ဖုန်းကဆက်လို့လည်းမရ
Yibo >> ကျွန်တော်အခုလည်းဘာမှမဖြစ်တာမပူပါနဲ့
Manager >> ဘာလို့မပူဘဲနေရမှာလဲတစ်ယောက်တည်းလျှောက်သွားပြီးfan မိန်းကလေးတွေနဲ့ကြုံလာရင်ဒါမှမဟုတ် anti fan ပေးချင်တဲ့သူနဲ့တွေ့နေရင်ဘယ်လိုလုပ်မလဲ
Yibo >> ကျွန်တော်အဆင်ပြေပါတယ်ဆိုရိုက်ကွင်းစတော့မှာဆိုတော့လစ်ပီ......
အော်ပြောရင်း Xiao Zhan အနောက်သို့လိုက်သွားလေတော့သည်။
ဒီရက်ပိုင်း Xiao Zhan ကိုလည်းနဂိုအတိုင်းပြုံးပြုံးရွှင်ရွှင်ပြန်တွေ့နေရသလို Yibo ကိုလည်း Xiao Zhan အနားတွင်တပူးပူးတတွဲတွဲပြန်တွေ့နေရပြန်သည်။ဒီနေ့လည်း Xiao Zhan ထုံးစံအတိုင်းပင်ရိုက်ကွင်းရှိလူအားလုံးနှင့်အတူပြုံးပြုံးရွှင်ရွှင်ဆက်ဆံတတ်သူတစ်ယောက်မင်းသား၊မင်းသမီးသာမက ၊ အခြားအရံသရုပ်ဆောင်များနှင့်အတူရိုက်ကွင်းထမင်းစားနားချိန်တွင်အတူတူဝိုင်းဖွဲ့ကာနေ့လည်စာစားနေလေသည်။ Yibo မှာအခြားရိုက်ကူးရေးအစီစဉ်ကြောင့်မနက်ပိုင်းရိုက်ကူးရေးတွင်မပါ။ မင်းသမီးငယ်လေးတစ်ယောက်မှာ Xiao Zhan ဘေးနားတွင်ထိုင်နေရင်းကိုစကားတွေပြောကာဟင်းများလည်း သူမကိုယ်တိုင် Xiao Zhan ပန်းကန်ထဲသို့ခပ်ထည့်ပေးနေလေသည်။ Xiao Zhan အတွက်မူယခုလိုဘေးနားထိုင်ပြီးစကားပြော၊ဟင်းထည့်ပေးခြင်းအမှုမှာဘာမျှမထူးဆန်းပေ။သို့သော်လည်းထိုအခိုက်နောက်ကျောတွင်အေးစက်စက်အကြည့်တစ်ခုကစိုက်ကြည့်နေသလိုခံစားရသဖြင့် Xiao Zhan လှည့်ကြည့်လိုက်စဉ်မှာဘေးမှလွတ်နေသောခုံတစ်ခုံတွင် Yibo ၀င်ထိုင်လိုက်သည်ကိုတွေ့လိုက်ရလေသည်။ပြီးနောက်စောစောကပင်ထိုမင်းသမီးငယ်လေးအတွက်ထည့်ထားပေးသောဟင်းကိုတူဖြင့်ညှပ်ထားသော Xiao Zhan လက်ကိုဆွဲ၍စားလိုက်လေသည်။ Yibo ၏ထိုအပြုအမူကြောင့် Xiao Zhan ဘေးတွင်ထိုင်နေသောမင်းသမီးလေးသာမက အခြားသရုပ်ဆောင်များပါဟင်ကနဲအံ့အားသင့်သွားကြလေသည်။အများနှင့်အတူထမင်းတူတူစားလေ့စားထမရှိသေ Yiboာသည် Xiao Zhan ဘေးတွင်ဝင်ထိုင်ကာလက်ထဲမှသုံးပြီးသားတူနှင့်ဟင်းကိုယူစားလိုက်သောအမူအရာကြောင့်အကုန်ပြောလက်စစကားတွေရပ်ကာကိုဝိုင်းကြည့်နေကြလေသဖြင့်
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanficနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...