Zawgyi #
အချိန်တွေတိုက်စားသွားသော်လည်း တစ်စုံတစ်ယောက်ကို သတိရနေသည့်စိတ်မှာ မပြောင်းလဲနိုင်သေးပေ။ အထက်တန်းကျောင်းတုန်းက တွေ့ဆုံခဲ့ရတဲ့ ထိုကောင်လေး အမြဲလိုလို အထီးကျန်နေတတ်ကာ အနိုင်ကျင့်ခံရသော ထိုကောင်လေး သူရဲ့ အိမ်မက်တွေကို Xiao Zhan ကိုပြောပြတတ်ကာ အကိုတစ်ယောက်လို လာတိုင်ပင်တတ်သော ကောင်လေး နိုင်ငံရပ်ခြားကို အိမ်မက်တွေအကောင်ထည်ဖော်ဖို့ တစ်ယောက်တည်းထွက်သွားတယ်တဲ့လား ...
ကောင်လေးရဲ့ debut လုပ်တဲ့အကြောင်းတွေကို သိရတော့ Xiao Zhan ထပ်တူပျော်ရသည်။ အထက်တန်းကို အပြင်ဖြေပြီး ဆယ်ကျော်သက်အရွယ်မှာပင် အိမ်မက်တွေအကောင်အထည်ဖော်ပြနိုင်ခဲ့တဲ့ ကောင်လေး အခုတော့ မင်းကြယ်လေးတစ်လုံးလို အလင်းရောင်တွေနဲ့တောက်ပနေပြီပေါ့ ...
Paul Yu ဆီမှ Yibo ကိုရီးယားကိုထွက်သွားကြောင်း Xiao Zhan သိရတဲ့နေ့ကတည်းက Yibo အကြောင်းကို သိရဖို့ weibo မှာ ရှာခဲ့သည်။ လေ့ကျင့်ချိန်ကာလမို့ထင်သည် မည်သည့်သတင်းမှ Xiao Zhan ထူးထူးခြားခြားမသိခဲ့ရ။ တခါတလေ ကံကြမ္မာသည် လူနှစ်ဦးကိုလှောင်ပြောင်လေသည်။ Yibo တို့အဖွဲ့ ကိုရီးယားတွင် debut လုပ်ပြီး bejing ကိုပြန်လာပြီး fan မိတ်ဆက်ပွဲလုပ်သည့်အချိန်က Xiao Zhan တစ်ယောက် ကျောင်းမှ outdoor သင်ကြားမှုတစ်ခုကြောင့် ခရီးလွန်နေသဖြင့် ပွဲကိုမသွားနိုင်ခဲ့ပေ။ သို့သော် Yibo နှင့်ပတ်သက်သမျှ သတင်းတွေကို မပြတ်ဖတ်နေခဲ့သည်။ အထီးကျန်ကောင်လေးတစ်ယောက်တော့ အခုညီအကိုလိုအဖွဲ့ဝင်တွေနှင့် စင်ပေါ်တွင် တောက်ပစွာ ဖျော်ဖြေနေသည်ကို ကြည့်ပြီး ၀မ်းသာရသည်။ တချိန်က ကလေးမျက်နှာလေးနှင့် ချစ်စရာကောင်လေးမှာ အခုစင်ပေါ်ကနေချိန်တွင် တကယ့် professional dancer တစ်ယောက်ဖြစ်လို့နေပြီ။
Xiao Zhan's fri>> သိပြီးပြီလား မင်းအသိကောင်လေးလေ မင်းပြောပြောနေတာ အဆိုတော်အဖွဲ့ကဆိုလား သူ့သတင်းတက်လာတယ်
Xiao Zhan >> ဟုတ်လား မကြည့်ရသေးဘူး
Xiao Zhan's fri>> Anti fan တစ်ယောက်က Yibo ကိုဆေးနီတွေနဲ့ပက်ပြီး ဖျော်ဖြေပွဲမှာ နှောင့်ယှက်လို့ ပွဲပျက်သွားတယ်တဲ့
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Фанфикနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...