Star 5

1.1K 72 2
                                    

Zawgyi #

Li Wenhan နှင့် Zhou Yixuan ကုမ္ပဏီမှ အစောထဲကရွေးထားသော စီနီယာများဖြစ်ပြီး

မှ Yibo နဲ့အတူ ကိုရီးယားကို သွားခွင့်ရသူများဖြစ်သည်။

Yibo တစ်ယောက်လူသစ်များနှင့်အခုမှခရီးသွားဖူးခြင်းဖြစ်ပြီးစိတ်လည်းလှုပ်ရှားနေသည်။

လေယာဉ်ပေါ်တွင်

Yibo 's self talking

ကျွန်တော်ကတိပေးတယ် ပါးနဲ့မား ကျွန်တော့်ကြောင့် နာမည်ကောင်းရစေရမယ် ၊ စိတ်ချပါ ကျွန်တော်ဖြစ်ချင်တဲ့အရာကို ဖြစ်အောင်လုပ်ဖို့ရွေးပြီးပြီ Xiao Zhan Ge ကိုလည်းကျွန်တော့်စိတ်ထဲကနေ ..... မေ့ဖို့ ဒီကနေထွက်သွားမှဖြစ်တော့မယ်

ကျွန်တော်မနှုတ်ဆက်ဘဲသွားမှရမှာမို့လို့ပါ.....

XXXXXXX

ဆိုးလ်တွင် ----

Entertainment Manager >> အားလုံး၅ယောက်အချင်းချင်းလည်းမိတ်ဆက်ပြီးပြီဆိုတော့နေဖို့အိမ်နဲ့လေ့ကျင့်ဖို့နေရာတွေပြပေးမယ်

ဒီဘက်ကမင်းတို့အဖွဲ့အတွက်အစစအကုန်ကူညီပေးမယ့်မန်နေဂျာ Li Wenhan , Zhou Yixuan , Yibo

တို့ကတော့ကိုရီးယားစာကိုဒီထပ်ပိုလေ့လာရမယ်မှာကဒီမှာဆိုတော့အကချိန်အပြင်စာသင်ချိန်တွေပါပါလိမ့်မယ်အခက်အခဲတွေကရှိပေမယ့်အကောင်းဆုံးကြိုးစားကြပါတစ်ခုခုဆိုရင် Team Manager

ကနေတစ်ဆင့်ဆက်သွယ်ပေါ့

All Member >> ဟုတ်ကဲ့

ကုမ္ပဏီကထားပေးသည်မှာတိုက်ခန်းတစ်ခန်းတွင်ဖြစ်ပြီးအားလုံးစုနေရသည်။ယောကျာ်းလေးတွေချည်းအသက်အရွယ်မတိမ်းမယိမ်းဖြစ်ကျသဖြင့်လူမျိုးမတူသော်လည်းခဏလေးအတွင်းမှာပင်ခင်မင်ရင်းနှီးသွားကြသည်။မန်နေဂျာမှာလည်းအသက်၂၅ကျော်စရှိသောလူငယ်တစ်ယောက်ဖြစ်သော်လည်းတို့အားလုံးကိုစည်းကမ်းတင်းကြပ်ပြီးအချိန်ဇယားအတိုင်းလေ့ကျင့်ချိန်များကိုလစ်ဟင်းခွင့်မပေး။ Bejing မှာရှိစဉ်ကထက်ပင်လေ့ကျင့်မှုကပိုပြင်းထန်ပြီးကနေစဉ် Body Buildment များပါလုပ်ရသဖြင့်တစ်ခါတစ်လေ Yibo

လက်လွှတ်ချင်စိတ်များပါပေါက်မိသည်။

အခန်းသို့ပြန်လာလျှင်အဖွဲ့အားလုံးမှာညီအကိုများလိုဖြစ်နေသောကြောင့်မှာကိုရီးယားကိုရောက်ခါစထက် အခက်အခဲရှိပေမယ့်အချင်းချင်းအားပေးကူညီမှုကြောင့်စကားပြောရတာလည်းပိုအဆင်ပြေလာပြီး ရောက်ခါစကထက် ဘာသာစကားအခက်အခဲလည်းမရှိတော့ပေ။

ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's SkyWhere stories live. Discover now