Star 27

610 43 8
                                    

Star 27

နံနက်ခင်းအလင်းရောင်က ၀င်းမွတ်မွတ် Xiao Zhan ကိုယ်ပေါ်သို့ ခပ်ပြေပြေလေးကျရောက်နေလေသည်။ အလင်းရောင်အောက်တွင် Xiao Zhan ကိုယ်ပေါ်မှာ သူချန်ထားခဲ့သောအနီရောင်သင်္ကေတများကို ကြည့်ရသည်မှာ Yibo အတွက် လှပသောပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ မနေ့ညက အချစ်စမ်းမှုကြောင့် ပင်ပန်းပြီး အိပ်မောကျနေသော Xiao Zhan မျက်နှာကို Yibo ကြည့်မဝဖြစ်လို့နေလေသည်။ Xiao Zhan သည် တစ်ချက်ညည်းတွားပြီး Yibo ဘက်သို့လှိမ့်လာလေသည်။ စောင်ဖြူဖြူလေးမှာ Xiao Zhan လူးလွန့်ပြီးလိမ့်လိုက်သောကြောင့် ခါးနားသို့လျော့ရဲရဲကျသွားကာ ဗလာကျင်းနေသော ခန္ဓာကိုယ်အထက်ပိုင်းမှာ လစ်ဟာနေပြီး Xiao Zhan သည် အေးစိမ့်သလိုခံစားနေရပုံပင်။ မျက်လုံးမဖွင့်ဘဲလက်တစ်ဘက်ဖြင့်စမ်းကာ တိုးရင်းတိုးရင်း ခပ်မာမာအရာတစ်ခုကိုစမ်းမိသဖြင့် Xiao Zhan မျက်လုံးတစ်ဘက်ကို မဖွင့်ချင်ဖွင့်ချင်ဖြင့်ကြည့်လိုက်သော် မှေးစင်းကြည့်နေသော Yibo မျက်ဝန်းတစ်စုံနှင့်အကြည့်ချင်းစုံသွားလေသည်။

Xiao Zhan သည် မျက်ဝန်းများမှာ ပြန်လည်ပိတ်သွားပြီး Yibo ရင်ခွင်ထဲသို့တိုးကာဝင်လိုက်လေသည်။ ထိုအရာကိုပင် Yibo ကသဘောအကျကြီးကျကာ Xiao Zhan ဆံပင်များနမ်းရှိုက်ကာ ပြန်လည်ဖက်ထားပြီး လက်များကလည်းအငြိမ်မနေ Xiao Zhan ကျောပြင်တလျှောက်ကို ပွတ်သပ်ကိုင်တွယ်နေလေသည်။

Xiao Zhan >> Laung Wang ရာ ငြိမ်ငြိမ်နေပါကွာ... ကိုယ်အိပ်ချင်သေးတယ်

Yibo သည် ထိုတားမြစ်သည့်စကားကိုဂရုမထား နီနီရဲရဲ Xiao Zhan နားရွက်ဖျားလေးများကို လျှာဖျားလေးဖြင့်တို့လိုက် ၊ နမ်းလိုက် ကိုက်လိုက်မထိတထိစလို့နေသည်။

Xiao Zhan သည် Yibo မျက်နှာကိုတွန်းဖယ်သော်လည်းမရ ၊ မျက်နှာနေရာမှတဆင့် လျောဆင်းကာ လည်တိုင်နှင့် ပခုံးသားကို ထပ်မံကိုက်နေပြန်သည်။

Xiao Zhan >> အာ.ခွေးပေါက်လေးကျနေတာဘဲ ..ယားတယ် ရ

Yibo >> ဒါဆို ကျွန်တော်မယားတဲ့နေရာကို လုပ်ရမလား

Xiao Zhan သည် ယခုအခါမှ မျက်လုံးပြူးသွားကာ

Xiao Zhan >> တော်တော် ငါမနေ့ညက....

ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's SkyWhere stories live. Discover now