Zawgyi #
Xiao Zhan ပထမဆုံးဒိတ်ဖြစ်သည့်အတွက်ကြောင့်ငြိမ်ငြိမ်နေလို့မရ ၊ ဘာလုပ်လို့လုပ်လုပ်ရမယ်မသိဖြစ်နေ၏။ Mae Yee တစ်ချိန်က သူမကို Xiao Zhan အမှတ်ရမိသည်။ တက္ကသိုလ်တက်တုန်းကသူမကအတင်းလိုက်ကပ်ပြီး Xiao Zhan ၏ အမည်ခံသမီးရည်းစားဖြစ်ခဲ့သော်လည်းစာတူတူလုပ်ရုံကလွဲပြီးအခြားသမီးရည်းစားတွေလိုလျှောက်လည်တာ၊ရုပ်ရှင်ကြည့်တာမျိုး ၊ ချစ်သူများနေ့မှာ ချိန်းတွေ့တာမျိုးမလုပ်ခဲ့ဖူးပေ။
ပထမဆုံး Xiao Zhan နှင့် Yibo ဒိတ်ဖြစ်ခဲ့ပုံမှာ
........
ယနေ့ရာသီဥတုအခြေအနေကြောင့် Xiao Zhan သူတို့၏ရိုက်ကွင်းခဏနားထားသဖြင့်ထုတ်လုပ်ရေးမှစီစဉ်ပေးထားသောဟိုတယ်တွင်အနားယူနေလေသည်။ Yibo မှာကျန်နေသည့်ဇာတ်ကွက်များကိုလွန်ခဲ့သည့်၂ရက်ကအပြီးဖြတ်ရိုက်ကူးကာ အခြားအစီအစဉ်ကြောင့်ပေကျင်းဘက်သို့ပြန်သွားသဖြင့်နယ်ဘက်ရိုက်ကူးရေးတွင်မပါလာခဲ့ချေ။ချစ်သူဖြစ်ပြီးသော်လည်း၂ယောက်စလုံးအလုပ်ရှုပ်နေသဖြင့်တကူးတကတွေ့တာမျိုးမရှိ၊ ယခင်က နေ့တိုင်းလိုလို ရိုက်ကွင်းတွင်သာတွေ့နေရသော်ကြောင့် ပြဿနာမရှိပေ။ ယခုလိုနယ်ဘက်ရိုက်ကူးရေးတွင် Yibo ပါမလာသောကြောင့် Xiao Zhan တစ်ယောက် Yibo ကိုလွမ်းနေသဖြင့် ဖုန်းပြောရင်းသာအလွမ်းဖြေနေရသည်။
Yibo >> Ge ညနေဘာတွေထပ်ရိုက်မှာလဲ ....
Xiao Zhan >> အင်းမရိုက်ဖြစ်ဘူး ဒါရိုက်တာကြီးက လိုချင်တဲ့ အနေအထားနဲ့ နေ့ခင်းအလင်းမရလို့တဲ့ နောက်ပြီး ဒီနေ့ရာသီဥတုက မှုန်မှိုင်းနေတယ်လေ ၊ ရိုက်ကွင်းကိုမနက်ဖြန်မနက်စောစောစမယ်ပြောတယ်
တဖက်မှအသံတိတ်သွားပြီးတော့မှ
Yibo >> Ge အခုဘယ်မှာလဲ ...
Xiao Zhan >> ဟိုတယ်ကကိုယ့်အခန်းထဲမှာပေါ့
Yibo >> ညစာရောဘယ်မှာစားမှာလဲ
Xiao Zhan >> မသိသေးဘူး Laung Wang
Yibo >> Ge ဒါဆိုညနေအသင့်ပြင်ထားကျွန်တော်လာခဲ့မယ်
Xiao Zhan >> ဟမ်ဒီကိုလာမယ်...
Yibo >> အင်း စိတ်ချ Ge တခြားသူတွေမသိစေရဘူး
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...