Zawgyi #
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဥပဒေအကြောင်းများကြောင့် Yibo နှင့်အခြားအဖွဲ့ဝင် ၂ယောက်မှာ Bejingသို့ပြန်လာခဲ့ရသည်။ ကုမ္ပဏီစာချုပ်မှာ အဖွဲ့ဝင်တွေများနှင့်ရှေ့ဆက်ရမည်ဖြစ်သော အလုပ်များမပြီးပြတ်မှီမှာပင် လမ်းခွဲပြီး အသီးသီးတခြားနယ်ပယ်သို့ရှေ့ဆက်ရန်ဖြစ်လာသည်။ ၄နှစ်နီးပါး အတူစားအတူသွား သံယောဇဉ်တွယ်ခဲ့ရသော ညီအကိုသဖွယ်အဖွဲ့ဝင်များ၏ နှုတ်ဆက်မှုမှာ ၀မ်းနည်းစရာကောင်းလှသည်။ Yibo ကိုရီးယားမှာ လေ့ကျင့်နေစဉ်အတွင်း Yibo ပါးမှာ ကိုယ်ပိုင်အလုပ်သစ်ကိုစတင်နေပြီဖြစ်သည်။ အခြေမတည်ငြိမ်သေးသည့်အချိန်မှာပင် သားဖြစ်သူ တရုတ်ပြည်ကို ပြန်လာရပြီး အခြေအနေမှာခက်ခဲရပြန်သည်။ Yibo အဖွဲ့နာမည်စရကာစမှာပင် ယခုလိုမျိုးအဖြစ်အပျက်ကြောင့် Yibo လိုငယ်ရွယ်သူ တစ်ယောက်ယခုလို အခြေအနေကိုရင်ဆိုင်ရသည်မှာ မလွယ်ပေ။ Bejing ပြန်ရောက်စ အခြားအလုပ်မစခင် Yibo အိမ်ပြန်နားခွင့်ရလေသည်။
Yibo 's mar mar >> သား စိတ်မညစ်ပါနဲ့ လမ်းစတွေ့နေပြီဘဲ ရှေ့ဆက်ပြီး တခြားလုပ်စရာတွေရှိမှာပါ ပိတ်ရက် မားတို့အန်းမအိမ်ကို အလည်ပြန်ကျမလား ပါးအလုပ်ကလည်း အခုတလောမရှုပ်သေးတော့ မားတို့ နှစ်ကူးပြန်လည်ဖို့အချိန်ရှိတယ်လေ
Yibo >> ဟုတ်မား အန်းမ အန်းကုန်းတို့နဲ့လည်း သားမတွေ့ရတာကြာပြီလေ ပါးရော အခုမှအလုပ်စနေကာစဆိုတော့ လိုက်ဖို့အဆင်ပြေပါ့မလား
Yibo 's mar mar >> ပြေမှာပါ သားကြောင့် သားပါးပါးလည်း သူလုပ်ချင်နေတဲ့အလုပ်ကို သတ္တိရှိရှိနဲ့စလုပ်နိုင်တာ နို့မို့ဆိုရင် ကုမ္ပဏီမှာ စိတ်ဆင်းရဲနေရဦးမှာ
Yibo >> ဟုတ် မား မနက်ဖြန်တော့ ကုမ္ပဏီကို သားသွားစရာရှိသေးတယ် နောက်ပိုင်းဆက်လုပ်ဖို့အကြောင်းလေးတွေတိုင်ပင်စရာရှိသေးလို့
....
Yibo ကုမ္ပဏီ မှ မန်နေဂျာနှင့်ဆွေးနွေးပြီးနောက် စိတ်လေးကန်စွာဖြင့် ပြန်လာလေသည်။
စိတ်တွေမွန်းကြပ်တိုင်း တွေ့ချင်တစ်ယောက်မှာ ငယ်ဘ၀ကသူ ... အမြဲတိုင်ပင်ဖော်တိုင်ပင်ဖက်
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...