Zawgyi #
ဆောင်းရာသီ၏ အအေးဒဏ်သည် အပူပေးစက်ဖွင့်ထားသည့်တိုင် အခန်းထဲသို့စိမ့်ဝင်ဆဲဖြစ်လေသည်။ Xiao Zhan သည် နောက်ကျောဘက်မှတိုး၍ဖက်လာသောလက်တစ်စုံနှင့်အနေအထားတစ်ခုကြောင့် နိုးလာလေသည်။ Yibo သည် Xiao Zhan ကျောပြင်ကိုတိုးဖက်လိုက်ပြီး အေးနေရာမှ နွေးသွားသလိုဖြစ်ကာ မထချင်သေးသဖြင့် ပြန်အိပ်ဖို့ကြိုးစားနေလေသည်။ Xiao Zhan သည်ဖက်ထားသည့်လက်နှစ်ဖက်ကို မပြုတ်စေဘဲ Yibo ဘက်သို့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်လေသည်။
Xiao Zhan >> Yibo လေး ထတော့ ကိုယ်တို့သွားရမှာတွေနောက်ကျကုန်လိမ့်မယ်
Yibo သည် မျက်လုံးလေးကို မှေးစင်းပြီးမဖွင့်ချင်ဖွင့်ချင်ဖြင့်ခိုးကြည့်ကာ Xiao Zhan ရင်ခွင်ထဲသို့တိုးဝင်လိုက်ပြီး
Yibo >> ဟင့်အင်း အချိန်စောသေးတယ် ထချင်သေးဘူး အေးတယ် အိပ်ချင်သေးတယ်
Xiao Zhan သည် Yibo နဖူးလေးကိုနမ်းလိုက်ပြီး
Xiao Zhan >> လိမ္မာပါတယ် ထတော့နော်
Yibo သည် ခေါင်းဖြင့်တိုးဝှေ့နေပြီး နှုတ်ခမ်းထော်ကာ
Yibo >> ဒါဆို မနက်ခင်းအားဆေးတိုက်
Xiao Zhan >> ခွေးပေါက်လေး ဒါဘဲတောင်းနေ သွားမတိုက်ရသေးဘူး ထ...ထ ..ဂျစ်တိုက်မနေနဲ့တော့
Xiao Zhan သည် လှဲနေသော Yibo ကိုအတင်းဆွဲထူကာ ရေချိုးခန်းထဲသို့ခေါ်လာလေသည်။ ရေချိုးခန်းထဲရောက်သော် Yibo သည် တံခါးချက်ချလိုက်ပြီး
Xiao Zhan >> ဒါဘာလုပ်တာလဲ ...
Yibo >> ဟီးဟီး ဒီလိုမှ ဉာဏ်မများရင် Ge နဲ့ရေတူတူချိုးလို့ရမှာမဟုတ်ဘူးလေ
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...